Wall Street English တွင်လာရောက်သင်ကြားသင့်သောအချက်(၁၀) ချက်

သင့်အတွက် အကောင်းဆုံးသောအင်္ဂလိပ်စာသင်ကျောင်း Wall Street English

အလုပ်များသောလူငယ် လူလတ်ပိုင်း အင်္ဂလိပ်စာလေ့လာလိုသူများအတွက် Wall Street English ၏ ထူးခြားကောင်းမွန်သော သင်ကြားမှုစနစ်ကြောင့် သန်းပေါင်းများစွာသော လူများမှ ရွေးချယ်ကြပါသည်။ တိုတောင်းသောအချိန်ကာလအတွင်း သင်၏အင်္ဂလိပ်စာစွမ်းရည်ကို အသေချာဆုံးတိုးတက်စေနိုင်မည့် Wall Street English ကို စိတ်ချယုံကြည်လိုက်ပါ။

10 reasons to choose WSE

ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရ Globally certified သင်တန်း

Wall street English ဟာ အရေးအပါဆုံးအင်္ဂလိပ်စာသင်ကြားရေး စံနှုန်းတစ်ခုဖြစ်တဲ့ GSE က ကမ္ဘာလုံးဆိုင်ရာအဆင့် အသိအမှတ်ပြုထားသော အင်္ဂလိပ်စာသင်တန်းကျောင်းဖြစ်ပါတယ်။ Wall Street English ၏အင်္ဂလိပ်စာအဆင့် တိုင်းတာ သတ်မှတ်ချက်ကသင့်ကို IELTS, TOFEL, CEFR အစရှိတဲ့ နာမည်ကြီးအောင်လက်မှတ်တွေအပါအဝင် အခြား သော အောင်လက်မှတ်များရဖို ့ဘယ်အဆင့်ကနေ အလွယ်တကူရရှိအောင် သင်ကြားသင့်သလဲဆိုတာကို သေချာရှင်းလင်းစွာ မြင်စေနိုင်မှာပါ ။

10 reasons to choose WSE
ပျော်ရွှင်ဖွယ်စာလေ့လာသင်ယူနိုင်သော ပတ်ဝန်းကျင်

စာသင်ခန်းပြင်ပတွင်ပါ အင်္ဂလိပ်ဘာသာစကားကို သင်ယူနိုင်ရန်အတွက် ရုပ်ရှင်ကြည့်ခြင်း၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်ခြင်း အစရှိသော တမူထူးခြားသည့် ပျော်ပွဲရွှင်ပွဲများ ဖန်တီးပေးပါသည်။ အင်္ဂလိပ်ဘာသာစကားပြောစွမ်းရည်တိုးတက်စေရန်တကယ့်လူ့ပတ်ဝန်းကျင်အနေအထားနှင့် ထိတွေ့ပေးမှုသည် သင့်အတွက် အထောက်အကူများစွာဖြစ်စေပါသည်။

10 reasons to choose WSE
သင်ကြားမှုအဆင့်မှတ်တမ်းပြုရန်ခောတ်မီဆန်းသစ်သောစနစ်

Wall Street English တွင် သင်၏ အင်္ဂလိပ်စာဘာသာစကား သင်ယူလေ့လာခြင်း တိုးတက်မှုမှတ်တမ်း ထားရှိပါသည်။ သင်ခန်းစာတစ်ခုပြီးတိုင်း သင်၏တိုးတက်မှုအသေးစိတ်မှတ်တမ်းနှင့်တကွ တိုးတက်ရန် ထပ်မံကြိုးစား လေ့လာသင့်သောအရာများအတွက် လမ်းညွှန်မှုပေးပါသည်။

10 reasons to choose WSE
အာမခံချက်ရှိသော ရလဒ်များ

Wall Street English ၏ Multi-method သင်ကြားနည်းဟာ စာသင်သားတွေကို အင်္ဂလိပ်စာထိရောက်စွာ လေ့လာသင်ကြားနိုင်စေရန် အထူးရေးဆွဲပြင်ဆင်ထားတဲ့ နည်းစနစ်ဖြစ်ပါတယ်။ ဒီနည်းစနစ်အတိုင်း မှန်ကန်စွာလေ့လာကြမယ်ဆိိုရင် စာသင်သားတစ်ယောက်ချင်းဆီတိုင်းဟာ ကိုယ်မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေဆီ သေချာပေါက်ရောက်ရှိနိုင်ရန် အာမခံပါသည်။

10 reasons to choose WSE

ပုံသေမဟုတ်သော စာသင်ချိန်ဇယား

သင်တန်းချိန်လွတ်မည်ကို စိတ်ပူစရာမလိုပေ၊ Wall Street English သည်စာသင်ချိန်ဇယားကိုပုံသေမသတ်မှတ်ထားသောကြောင့် သင်၏အားလပ်ချိန်ပေါ်မူတည်၍ သင့်အတွက် စာသင်ချိန်ကိုသတ်မှတ်ပေးနိုင်ပါသည်။ ထို့ပြင်အလုပ်များသော လူငယ် လူလတ်ပိုင်းများ၏ အလွန်ရှုပ်ထွေးသော အချိန်ဇယား နှင့် ညှိုနှိုင်းပြီး စာသင်ချိန်ဇယားကိုပံ့ပိုးပေးနိုင်ပါသည်။

10 reasons to choose WSE

အရည်အချင်းပြည့်ဝသည့် အင်္ဂလိပ်စာကျွမ်းကျင်ပညာရှင်များ

စာသင်သားဦးရေ (၄) ဦးထက်မပိုသော စာသင်ခန်းတွင် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိထားသော ကမ္ဘာတလွှားမှ အင်္ဂလိပ်ဘာသာကျွမ်းကျင်ပညာရှင်များနှင့်လေ့လာသင်ယူခွင့်ရမည်ဖြစ်သည်။

10 reasons to choose WSE
အလုပ်များသောလူငယ် လူလတ်ပိုင်း အင်္ဂလိပ်စာလေ့လာလိုသူများအတွက်ထူးခြားကောင်းမွန်သောသင်ကြားမှုစနစ်

Wall Street English သည် အလုပ်များပြီး အင်္ဂလိပ်စာလေ့လာလိုသူ လူလတ်ပိုင်းများ အတွက် သီးသန့်အထူးပြုထားသည့်တစ်ခုတည်းသော အင်္ဂလိပ်ဘာသာသင်တန်းကျောင်းဖြစ်ပါသည်။ အောင်မြင်မှုကို လာရောက်သင်ယူ ဆည်းပူးသူများ၏ ၉၇ ရာခိုင်နှုန်းမှရရှိသောကြောင့် သိပ်မကြာမှီမှာလည်း တစ်ယောက်အနေဖြင့်ပါ၀င်လာတော့ပါမည်။

10 reasons to choose WSE
အင်္ဂလိပ်ဘာသာစကား မိမိ လက်ရှိကျွမ်းကျင်မှုအဆင့်မှစတင်ပါ

မိမိ၏အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အရည်အချင်း စစ်ဆေးခြင်းကို အရင်ပြုလုပ်ပါ။ မိမိ လက်ရှိအင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုအဆင့်ပေါ်မူတည်ပြီး လေ့လာသင်ယူမှုကိုလုပ်ဆောင်ပါ။

10 reasons to choose WSE
အင်္ဂလိပ်ဘာသာစကား လွှမ်းခြုံထားသော ပတ်ဝန်းကျင်

အင်္ဂလိပ်ဘာသာစကားပြောရန် တိုက်တွန်းအားပေးသော ပတ်ဝန်းကျင်သည် သင်၏ သင်ယူမှုကို အကောင်းဆုံးကူညီပံ့ပိုးပေးပါသည်။ Wall Street English တွင် ခေတ်အမီဆုံး သင်ထောက်ကူပစ္စည်း multimedia သင်ကြားရေး နှင့်အတူ အင်္ဂလိပ်ဘာသာ စကားပြောဝန်ထမ်းများကြောင့် သင့်သည် အင်္ဂလိပ်ဘာသာ စကားပြော နိုင်ငံခြား တိုင်းပြည် တစ်ခုသို့ ရောက်ရှိနေသလိုခံစားစေပါသည်။

10 reasons to choose WSE

စာသင်သားဦးရေ ကန့်သတ်ထားသော စာသင်ခန်း

Wall Street English သည် စာသင်သား တစ်ဦးချင်းအပေါ် အလေးအနက်ထားပြီး စာသင်သားတို့၏ အောင်မြင်မှုကို အထောက်အကူပြုမည်ဟု ယုံကြည်သောကြောင့် စာသင်သားဦးရေကန့်သတ်ထားသော စာသင်ခန်းကိုထားရှိပေးပါသည်။ ထို့ကြောင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အတိုင်းအတာတူညီသော စာသင်သား (၄) ဦးထက်မပိုသောစာသင်ခန်းထားရှိပေးပါသည်။ ယင်းနည်းလမ်းသည် သင့်အား အင်္ဂလိပ်ဘာသာစကားကို အခက်အခဲမရှိ ပေါ့ပေါ့ပါးပါး ပြောဆိုစေနိုင်ပြီး အမှတ်တရအသစ်များ နှင့် သူငယ်ချင်းအသစ်များကိုပိုင်ဆိုင်စေနိုင်ပါမည်။

Wall Street English မှဖိတ်ခေါ်ပါတယ်
Wall Street English မှဖိတ်ခေါ်ပါတယ်

သင်၏ မျှော်မှန်းချက်များကို ပံ့ပိုးပေးနိုင်ရန် Wall Street English ကိုလာရောက်ရန်ဖိတ်ခေါ်ပါတယ်။

သင်တန်းကြေးစုံစမ်းရန်
သင်တန်းကြေးစုံစမ်းရန်

ပေးသွင်းရမည့် သင်တန်းကြေးနှင့့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ကျွန်တော်တို့ကို ဆက်သွယ်ပေးပါ။

အခမဲ့စာအုပ်ရယူပါ
အခမဲ့စာအုပ်ရယူပါ

Wall Street English၏ သင်ခန်းစာ၊ သင်တန်းကျောင်းအကြောင်းနှင့် အခြားသတင်းအချက်အလက်များပါရှိသည့် စာအုပ်ကိုအခမဲ့ရယူပါ။

အင်္ဂလိပ်ဘာသာစွမ်းရည်စစ်ဆေးကြည့်မယ်
အင်္ဂလိပ်ဘာသာစွမ်းရည်စစ်ဆေးကြည့်မယ်

မိနစ်ပိုင်းအတွင်း အခမဲ့စာမေးပွဲဖြေဆို၍ သင်၏အင်္ဂလိပ်စာအရည်အချင်း ဘယ်လောက်ရှိသလဲစစ်ကြည့်ပါ