IELTS
ပြင်ဆင်ခြင်း

အောက်ဆွဲချပါ။ 

စမ်းသပ်စစ်ဆေးမှု တည်ဆောက်ပုံနှင့်ပတ်သက်၍
အသေးစိတ်အချက်အလက်

IELTS စစ်ဆေးမှု၏ အပိုင်းတစ်ခုခြင်းအတွက် တည်ဆောက်ပုံ၊ စိန်ခေါ်မှုများနှင့် အချိန်တို့သည် စစ်ဆေးမှုအမျိုးအစားပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။
Click the DOWNLOAD button and fill out a quick form to get our latest e-book on IELTS Preparation.
Download Ebook

နားထောင်စွမ်းရည်
အချိန်ဇယား   မိနစ် ၃ဝ

အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပညာရှင်များ၏ အသံဖိုင် (၄)ဖိုင်ကို နားထောင်ရမည်ဖြစ်ပြီး အောက်ပါအတိုင်း ပါရှိသည့် အကြောင်းအရာများနှင့် ဆက်စပ်သော မေးခွန်းများကို ဖြေဆိုရပါမည်။

အသံဖိုင်  ၁-  လူမှုလိုအပ်ချက်များ အကြောင်းအရာအား စကားပြောနှစ်ဦးမှ ပြောဆိုခြင်း။.

အသံဖိုင်  ၂-  လူမှုလိုအပ်ချက်များ အကြောင်းအရာအား တစ်ဦးတည်း စကားပြောဆိုခြင်း။.

အသံဖိုင်  ၃-  ပညာရေး သို့မဟုတ် သင်တန်းအကြောင်းအရာနှင့် ပတ်သက်ပြီး ပြောဆိုသူ (၄)ဦးမှ စကားပြောဆိုခြင်း။.

အသံဖိုင်  ၄-  ပညာရေးအကြောင်းအရာနှင့် ပတ်သက်၍ တစ်ဦးတည်း စကားပြောဆိုခြင်း။.

အဖတ်စွမ်းရည်

အဖတ်စွမ်းရည်
အချိန်ဇယား   မိနစ် ၆ဝ

မေးခွန်း ၁ဝမှ ၁၁ မေးခွန်းပုံစံများ ပါဝင်လျှက် စုစုပေါင်း မေးခွန်း ၄ဝ ရှိသော အပိုင်း(၃)ပိုင်း ပါဝင်သည့် စစ်ဆေးမှုတစ်ခု ဖြေဆိုရပါမည်။ IELTS အထွေထွေ လေ့ကျင့်သင်ကြားရေး စစ်ဆေးမှုနှင့် IELTS Academic စစ်ဆေးမှု၏ အဖတ်စွမ်းရည်များ ကြားတွင် ခြားနားချက်တစ်ခုရှိပါသည်။

IELTS အထွေထွေ သင်ကြားလေ့ကျင့်ရေး စစ်ဆေးမှု 
လူမှုဆိုင်ရာ၊ ပညာရေးနှင့် အလုပ်ခွင်အကြောင်းအရာများမှ ပိုမိုလွယ်ကူသော စာများ.

IELTS Academic စစ်ဆေးမှု 
ပညာရေး အရင်းအမြစ်များမှ ဘွဲ့မရသေးသူ သို့မဟုတ် ဘွဲ့ရအဆင့်ရှိသော အဆင့်မြင့်စာများ.

ရေးသားမှုစွမ်းရည်

ရေးသားမှုစွမ်းရည်
အချိန်ဇယား   မိနစ် ၆ဝ

IELTS အထွေထွေ လေ့ကျင့်သင်ကြားရေး စစ်ဆေးမှုနှင့် IELTS Academic စစ်ဆေးမှု၏ အဖတ်စွမ်းရည်များ ကြားတွင် ခြားနားချက်တစ်ခုရှိပါသည်။

IELTS အထွေထွေ သင်ကြားလေ့ကျင့်ရေး စစ်ဆေးမှု 
စမ်းသပ်ချက် ၁ - ပေးထားသော အခြေအနေအား တုံ့ပြန်သော စကားလုံးရေ ၁၅ဝခန့်ရှိသော စာတစ်စောင်ရေးပါ။ (ဥပမာ - အချက်အလက်များ တောင်ဆိုခြင်း၊ အခြေအနေတစ်ရပ်အား ရှင်းပြခြင်း …) သင်၏ ရေးသားမှုပုံစံသည် ကိုယ်ပိုင်ဟန်၊ ရုံးသုံးဟန်တစ်ဝက် သို့မဟုတ် ရုံးသုံးစာဟန် ဖြစ်နိုင်သည်။.
စမ်းသပ်ချက် ၂ - အငြင်းပွားမှု သို့မဟုတ် ပြဿနာအား ရှုထောင့်တစ်ခုမှနေ၍ တုံ့ပြန်သည့် စကားလုံးရေ ၂၅ဝခန့်ရှိသော စာတစ်စောင် ရေးပါ။ သင်၏ ရေးသားမှုပုံစံသည် အတော်အတန် ကိုယ်ပိုင်ဟန်ဖြစ်နိုင်ပါသည်။.

IELTS Academic စစ်ဆေးမှု 
စမ်းသပ်ချက် ၁ - စာလုံးရေ ၁၅ဝခန့်ရှိသော ဇယား၊ ပုံကြမ်း၊ ပုံစံကားချပ်တစ်ခုဖြင့် တင်ပြ၍ အချက်အလက်များကို ဖော်ပြ၊ အကျဉ်းချုပ်ပြပါ သို့မဟုတ် ရှင်းပြပါ။.
စမ်းသပ်ချက် ၂ -  အငြင်းပွားမှု သို့မဟုတ် ပြဿနာအား ရှုထောင့်တစ်ခုမှနေ၍ တုံ့ပြန်သည့် စကားလုံးရေ ၂၅ဝခန့်ရှိသော အက်ဆေးတစ်ပုဒ်ရေးပါ။ သင်၏ရေးသားမှုသည် စမ်းသပ်ချက်နှစ်ခုစလုံးတွင် ရုံးသုံးစာဟန်ဖြစ်ရမည်။.

အပြောစွမ်းရည်

အပြောစွမ်းရည်
အချိန်ဇယား   ၁၄-၁၅မိနစ်

စစ်ဆေးသူတစ်ဦးနှင့် ဖြေဆိုသူတစ်ဦး မျက်နှာချင်းဆိုင် လူတွေ့မေးမြန်းခြင်းဖြစ်သည်။ သင်၏ အပြောစွမ်းရည် စစ်ဆေးမှု (အပိုင်း၃ပိုင်း အပါအဝင်) ကို အသံသွင်းထားပါသည်။ ဤစစ်ဆေးမှုတွင် အပိုင်း(၃)ပိုင်း ပါဝင်ပါသည်-

အပိုင်း ၁ 
၄မိနစ် ၅မိနစ်ခန့် အထွေထွေနှင့် လွယ်ကူသော ခေါင်းစဉ်နှင့် ဆက်စပ်သော မိတ်ဆက်.

အပိုင်း ၂ 
အချက်အလက်အချို့ပါဝင်သော စစ်ဆေးမှုကတ်ပြားတစ်ခုကို ပြသပါမည်။ ပြင်ဆင်ရန် အချိန်တစ်မိနစ်ရ၍ ပေးထားသော ခေါင်းစဉ်ကို ပြောဆိုပါ။ အချိန် ၄မိနစ်ခန့် ကြာမြင့်ပါသည်။.

အပိုင်း ၃ 
အပိုင်း ၂ နှင့်ဆက်စပ်သော နောက်ထပ်မေးခွန်းများကို မေးမြန်းပါသည်။ အချိန် ၄မိနစ်ခန့် ကြာမြင့်ပါသည်။.

IELTS ပြင်ဆင်ခြင်း၏ အကြံပြုချက်များ 
ဤ e-book တွင် IELTS စစ်ဆေးမှုအတွက် ကောင်းမွန်သော ပြင်ဆင်မှုများ ရရှိစေရေး အထောက်အပံ့ဖြစ်စေရန် မဖြစ်မနေ သိထားရမည့် အသုံးဝင်သော အသုံပြုချက်များအားလုံး Wall Street English တွင် ရှိပါသည်။.

ဒေါင်းလုဒ်ပြုလုပ်ရန် ဤနေရာကိုနှိပ်ပါ။

Ebook အား ဒေါင်းလုဒ်ရယူပါ

အဆက်အသွယ်ပုံစံ

ဒေါင်းလုတ်ပြုလုပ်ရန် ပုံစံဖြည့်ပါ

Ebook ကို ဒေါင်းလုတ်ဆွဲယူပါ။