Wall Street English ကျောင်းမှ စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာလေ့ကျင့်ရေးသင်တန်း

Skills Development Workshops (အရည်အသွေး ဖွံ့ဖြိုးတိုးတက်ရေး Workshop များ)

Wall Street English ရဲ့ workshop တွေဟာ သင့်ဝန်ထမ်းတွေကို စီးပွားရေးလုပ်ငန်းဆိုင်ရာအရည်အသွေးတွေ ရရှိစေဖို့ စီစဉ်ထားတာပါ။ Workshop တွေ နေ့တစ်ဝက်၊ တစ်နေကုန် သို့မဟုတ် နှစ်ရက်တာကာလအဖြစ် ကျင်းပတာဖြစ်ပြီး ဒီ workshop တွေကို ကျောင်းသား ၁၀ ယောက် သို့မဟုတ် အဲ့ဒီထက်နည်းတဲ့လူဦးရေပါဝင်တဲ့အုပ်စုလေးတွေကို အရည်အချင်းပြည့် အင်္ဂလိပ်စာဆရာတွေက ဦးဆောင်ပြီး ကျင်းပပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ အလုုပ်တွေမှာ လေ့လာတတ်မြောက်ထားတာတွေကို ပြန်အသုံးချနိုင်တဲ့ လက်တွေ့အခြေခံ workshop ကောင်းတွေ ပြုလုပ်ပေးရေး ဖြစ်ပါတယ်။

Wall Street English ရဲ့ workshop တွေဟာ သင့်ဝန်ထမ်းတွေကို စီးပွားရေးလုပ်ငန်းဆိုင်ရာအရည်အသွေးတွေ ရရှိစေဖို့ စီစဉ်ထားတာပါ။ Workshop တွေ နေ့တစ်ဝက်၊ တစ်နေကုန် သို့မဟုတ် နှစ်ရက်တာကာလအဖြစ် ကျင်းပတာဖြစ်ပြီး ဒီ workshop တွေကို ကျောင်းသား ၁၀ ယောက် သို့မဟုတ် အဲ့ဒီထက်နည်းတဲ့လူဦးရေပါဝင်တဲ့အုပ်စုလေးတွေကို အရည်အချင်းပြည့် အင်္ဂလိပ်စာဆရာတွေက ဦးဆောင်ပြီး ကျင်းပပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ကတော့ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ အလုုပ်တွေမှာ လေ့လာတတ်မြောက်ထားတာတွေကို ပြန်အသုံးချနိုင်တဲ့ လက်တွေ့အခြေခံ workshop ကောင်းတွေ ပြုလုပ်ပေးရေး ဖြစ်ပါတယ်။

ပြောဆိုတင်ဆက်မှု အရည်အသွေး

သင့်ဝန်ထမ်းတွေဟာ အင်္ဂလိပ်ဘာသာနဲ့ ပြောဆိုတင်ဆက်မှုတွေလုပ်ရာမှာ ယုံကြည်မှုရှိရဲ့လား၊ မရှိဘူးလားဆိုရင် ဒီ workshop ကတိကျပြီး ထိရောက်မှုရှိတဲ့ တင်ဆက်မှု presentation တွေကိုဖန်တီးနိုင်ဖို့ အရည်အသွေးတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ Wall Street English ရဲ ့ workshop ဟာ စာအရေးအသားကိုသာမက တင်ဆက်မှုတွေလုပ်ရာမှာ သုံးရမယ့် အသံနေအသံထားနဲ့ ကိုယ်ဟန်အမူအရာဘာသာစကားကိုပါ အလေးပေး ဆွေးနွေးပါတယ်။ Workshop တက်ရောက်သူတွေဟာ နိဒါန်းတွေ၊ စာကိုယ်တွေနဲ့ အနှစ်ချုပ်တွေရဲ့ ဖွဲ့စည်းပုံကို လေ့လာရမှာ ဖြစ်သလို ဒါတွေကို ဘယ်လိုတင်ဆက်မလဲဆိုတာကိုလည်းလေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ workshop ရဲ့ ဒုတိယနေ့မှာတော့ သူတို့ဟာ ကိုယ့်တင်ဆက်မှု presentation ကို ကိုယ်တိုင်ပြင်ဆင်ပြီး တင်ဆက််ရမှာ ဖြစ်ပါတယ်။

Workshop မှာပါဝင်တဲ့ ခေါင်းစဉ်များကတော့

ကိုယ်တင်ဆက်မယ့်အကြောင်းအရာရဲ့ V သုံးလုံး - Verbal, Visual, Vocal (စကားလုံး၊ အရုပ်၊ အသံ) 

ကိုယ်ပေးချင်တဲ့ မက်ဆေ့ချ်ရဲ့ C သုံးလုံး - Clear, Concise, Compact (ရှင်းလင်းခြင်း၊ တိကျခြင်း၊ ကွက်တိဖြစ်ခြင်း)

ကိုယ့်တင်ဆက်မှုရဲ့ ဖွဲ့စည်းပုံဆိုင်ရာ T သုံးလုံး - Will Tell, Tell, Told (ပြောရန်၊ ပြောခြင်း၊ ပြောပြီးခြင်း)

စေ့စပ်ညှိနှိုင်းခြင်း စွမ်းရည်များ

ကျွန်တော်တို့အနေနဲ့ ကြိုက်နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ စေ့စပ်ညှိနှိုင်းမှုလုပ်ခြင်းဟာ ဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်သလို စီးပွားရေးလောကမှာဆိုရင် ပိုလို့တောင်မှ အရေးကြီးပါတယ်။ Wall Street English ရဲ့ ဒီ workshop သည်လည်း ကျွန်တော်တို့ရဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အောင်မြင်ဖို့ (နှစ်ဘက်လုံး win win ဖြစ်ဖို့) ကျွန်တော်တို့ အသုံးပြုရမယ့် ဘာသာစကားနဲ့ ပတ်သက်လို့ အလေးထားဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ သင်တို့ရဲ့ စေ့စပ်ညှိနှိုင်းမှု စွမ်းရည်တွေ တိုးတက်စေဖို့ တကယ့်ဘဝအခြေအနေတွေထဲကလိုမျိုး ကိုယ်တိုင်ပါဝင်ပြီး လေ့လာသင်ယူရမှာဖြစ်ပါတယ်။

ပါဝင်တဲ့ ခေါင်းစဉ်များ

နိဒါန်း ၊ ပြင်ဆင်ခြင်း ၊ ဦးစားပေးအချက်ကို သတ်မှတ်ခြင်း

စေ့စပ်ညှိနှိုင်းမှုကို စတင်ခြင်း 

အဆိုပြုချက်များပြုလုပ်ခြင်းနှင့် ပညာရှိဆန်ဆန်ပြောဆိုခြင်း 

သဘောတူညီချက်ရရန် ဆွဲဆောင်ခြင်း ၊ ညှိနှိုင်းခြင်း 

 သဘောတူညီချက်ကို နိဂုံးချုပ်ခြင်း 

အီးမေး အရေးအသား
 

ကျွန်တော်တို့ဟာ နေ့တိုင်းပဲ အီးမေးတွေမြောက်မြားစွာကို ပေးပို့နေ၊ လက်ခံရရှိနေပါတယ်။ ဒါပေမဲ့ သင့်အီးမေးတွေဟာ သင့်ပေးပို့ချင်တဲ့ မတ်ဆေ့ချ်တွေကို ရေးတဲ့အပိုင်းမှာရော ထိရောက်မှုရှိပါရဲ့လား။ Wall Street English ရဲ့ အီးမေးရေးသားနည်း workshop ကတော့ ထိရောက်မှုရှိတဲ့ ရှင်းလင်းပြတ်သားတဲ့ အီးမေး တွေကို ဘယ်လို ရေးရမလဲဆိုတာကို အလေးထားဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ကွဲပြားခြားနားတဲ့ အီးမေး ခေါင်းစဉ်အကြောင်းအရာတွေနဲ့အတူ ကျွန်တော်တို့ဟာ workshop မှာ သင့်ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ 







အစည်းအဝေး စွမ်းရည်

ဘယ်သူကမှ အစည်းအဝေးတွေကို နှစ်သက်လေ့မရှိကြပါဘူး။ အထူးသဖြင့် ရှည်ကြာပြီး အလုပ်မဖြစ်တဲ့ အစည်းအဝေးတွေဆိုရင် ဖြစ်ပါတယ်။ Wall Street English ရဲ့ အစည်းအဝေး စွမ်းရည်တိုးတက်ရေး workshop ကတော့ သင့်ဝန်ထမ်းတွေကိို သူတို့ရဲ့အစည်းအဝေးတွေကို ဘယ်လို အချိန်တိုတိုနဲ့ အလုပ်ဖြစ်အောင် လုပ်နိုင်မလဲဆိုတာကို ပြသပေးမှာ ဖြစ်ပါတယ်။ ပြင်ဆင်ထားမှု မရှိခြင်းနဲ့ ရှင်းလင်းတဲ့ ရည်မှန်းချက်မရှိခြင်းတို့ဟာ အောင်မြင်တဲ့အစည်းအဝေးတွေဖြစ်ဖို့ အဓိကအတားအဆီးတွေပါပဲ။ ကျွန်တော်တို့ရဲ့ အစည်းအဝေးစွမ်းရည်တိုးတက်ရေး workshop က သင့်ဝန်ထမ်းတွေကို ဒီအတားအဆီးတွေ ဖယ်ရှားနိုင်မယ့် ကိရိယာတွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီ workshop ဟာ အစည်းအဝေးတွေမှာ ဘယ်လိုပါဝင် ဆောင်ရွက်မလဲ၊ ဘယ်လို ထိရောက်အောင်စုဝေးမလဲဆိုတာကိုလည်း အလေးထား ဆွေးနွေးမှာဖြစ်ပါတယ်။ 

ပါဝင်တဲ့ခေါင်းစဉ် အကြောင်းအရာများ

ဆွေးနွေးရန်ကိစ္စများနှင့် ရည်မှန်းချက်များ 

အစည်းအဝေးတစ်ခု အဖွင့်နှင့် အပိတ် 

ဥက္ကဌ၏ အခန်းကဏ္ဍ   

သဘောထားအမြင်များ ထုတ်ပြောခြင်းနှင့် ရှင်းလင်းချက်တောင်းဆိုခြင်း 

ယဉ်ကျေးမှု WORKSHOP

နိုင်ငံတွေ၊ ယဉ်ကျေးမှုတွေကို ဖြတ်သန်းသွားလာပြီး အလုပ်လုပ်ရတဲ့အခါမှာ ယဉ်ကျေးမှုဂရုပြုခြင်း Cultural awareness အဆင့်မြင့်မားစွာ ရှိထားတဲ့ ဝန်ထမ်းတွေ ရှိထားတာဟာ ယနေ့အခါမှာ အဓိကကျတဲ့ အချက်လည်း ဖြစ်ပါတယ်။ အခြားတဖက်မှာတော့ ယဉ်ကျေးမှုပိုင်း ဂရုပြုခြင်းအားနည်းတာဟာ ဆက်ဆံ ရေးပိုင်းလွဲမှားမှုအကြီးကြီးတွေကို ဖြစ်စေပြီး ကိုယ့် client တွေ၊ client ဖြစ်လာနိုင်တဲ့သူတွေနဲ့ နိုင်ငံတကာက လုပ်ဖေါ်ကိုင်ဖက်တွေက ကိုယ်နဲ့ပြောဆိုဖို့ အတူလုပ်ကိုင်ဖို့ ငြင်းပယ်တာမျိုးတွေတောင် ဖြစ်နိုင်ပါသေးတယ်။  

Wall Street English ရဲ့ ယဉ်ကျေးမှု ဂရုပြုခြင်း workshop ကတော့ သင်နဲ့ သင့်ဝန်ထမ်းတွေကို နိုင်ငံတကာဆက်ဆံရေးမှာ အောင်မြင်မှုအခွင့်အလမ်းပိုတိုးပွားလာအောင် ယဉ်ကျေးမှုပိုင်းအရ ပိုပြီး သတိပြုဆက်ဆံရမယ့် အကြံပေးချက်တွေ၊ ကျွမ်းကျင်မှုတွေ အလွယ်ရအောင် ဆွေးနွေးသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

CALM ယဉ်ကျေးမှုဂရုပြုခြင်း ဝပ်ရှော့ပ်ရဲ့ အဓိကအာဘော်ကတော့

စီးပွားရေးလုပ်ငန်းမှာ ပထမဆုံးအထင်အမြင် ကောင်းအောင်လုပ်ခြင်း (ဂရုစိုက်ခြင်း)

ဆက်ဆံရေးပြတ်တောက်မှုတွေကို ရှောင်ကြဉ်ခြင်း (ဂရုထားခြင်း) 

တွေ့ဆုံခြင်း၊ နှုတ်ဆက်ခြင်း (ဘာသာစကား)

ယဉ်ကျေးမှုစုံအမြင်ရှုထောင့် (ဗဟုယဉ်ကျေးမှုဝါဒ)

သင့်ဝန်ထမ်းတွေ၏ အင်္ဂလိပ်ဘာသာစကားအရည်အချင်းကို တိုးတက်စေချင်ပါသလား? ကျွန်ုပ်တို့ကို ဆက်သွယ်ပါ