တစ်ဦးချင်းအထူးပြု အင်္ဂလိပ်သင်တန်းများ

တစ်ဦးချင်းအထူးပြု အင်္ဂလိပ်သင်တန်းများ

သင့်ဝန်ထမ်းတွေက အလုပ်များပြီး အင်္ဂလိပ်စာလေ့ကျင့်ရေးသင်တန်းတွေလည်းတက်ဖို ့အချိန်ဇယားလည်း အဆင်မပြေဖြစ်နေရင် Wall Street English မှာ သင်ကြားခိုင်းတာဟာ ဖြေရှင်းချက်ဖြစ်ပါတယ်။ 

အချိန်မရွေးသင်ယူနိုင်သည့်သင်တန်းချိန်များ

သင့်ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့သင်တန်းတွေကို သီးခြားအချိန်တွေပေးပြီး တက်နေစရာမလိုပါဘူး။ သူတို့ရဲ့အချိန်ဇယားအတိုင်း သင့်လျော်တဲ့အတန်းတွေကို စာရင်းသွင်းတက်ရောက်နိုင်ပါပြီ။ သူတို ့ဟာ အတန်းပျက်လို ့အပြစ်ပေးခံရစရာမရှိသလို၊ ပျက်သွားတဲ့အတန်းချိန်ကိုလည်း ပြန်လည်တက်ရောက်နိုင်ပါတယ်။

အကန့်အသတ်မဲ့ စာသင်ချိန်များ

သင့်ဝန်ထမ်းတွေဟာ သူတို့ရဲ့အင်္ဂလိပ်စာတိုးတက်ဖို ့လိုအပ်သလောက်၊ လိုချင်သလောက် Wall Street English မှာ အင်္ဂလိပ်စာသင်တန်းများ တက်ရောက်ရင် ကျွန်တော်တို့ရဲ့စင်တာတွေမှာ လာရောက် လေ့လာနိုင်သလို အွန်လိုင်းကနေလည်း သင်ယူနိုင်ပါတယ်။

လက်မှတ်ရ မူရင်းအင်္ဂလိပ်စကားပြောဆရာများ

ကျွန်တော်တို့ရဲ့ဆရာတွေအားလုံးဟာ အင်္ဂလိပ်စကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသုံးစွဲကြတဲ့ နိုင်ငံတွေအားလုုံးက လာကြတဲ့ဆရာတွေဖြစ်သလို သူတို့မှာ ကမ္ဘာ့အဆင့် အသိအမှတ်ပြု အင်္ဂလိပ်စာသင်ကြားရေးအောင်လက်မှတ်တွေ ရှိထားကြပါတယ်။

အရွယ်ရောက်သူများအတွက် စီစဉ်ထားသည့် သင်ရိုးတမ်းများ

ကျွန်တော်တို့ရဲ့ သင်ကြားနည်းစနစ်က အရွယ်ရောက်သူတွေအတွက် သီးသန် ့ပြင်ဆင်ထားတဲ့နည်းစနစ်ဖြစ်ပါတယ်။ သင့်ဝန်ထမ်းတွေဟာ စီးပွားရေးလုပ်ငန်းဆိုင်ရာလိုအပ်ချက်တွေနဲ ့ဆက်နွယ်တဲ့အကြောင်းအရာတွေ၊ စာတွေကိုလေ့လာသင်ကြားရမှာ ဖြစ်ပါတယ်။

လူဦးရေနည်းသည့် အတန်းငယ်များ

ကျွန်တော်တို့ရဲ့ တန်းခွဲတစ်ခုချင်းစီမှာ အဆင့်တူ စာသင်သား ၅ ဦးအထိသာ အများဆုံးထားရှိပါတယ်။ ဒီအတန်းငယ်လေးတွေဟာ ကျောင်းသားတစ်ဦးချင်းစီကို အင်္ဂလိပ်လိုပြောဆိုဖို ့အခွင့်အရေး ပိုရရှိစေမှာဖြစ်ပါတယ်။

အင်္ဂလိပ်ဘာသာစကား လွှမ်းခြံုထားသော ပတ်ဝန်းကျင်

Wall Street English ကျောင်းမှာပြောတဲ့ တစ်ခုထဲသော ဘာသာစကားကတော့ ….အင်္ဂလိပ်စကားပါပဲ။ သင့်ဝန်ထမ်းတွေဟာ အလွန်နီးစပ်လွယ်တဲ့ ပတ်ဝန်းကျင်ထဲမှာ အောင်မြင်မှုကို သေချာပေါက်ရရှိစေဖို ့အင်္ဂလိပ်စကားကို လေ့လာရမှာဖြစ်ပါတယ်။

အွန်လိုင်းတွင်လည်း သင်ကြားနိုင်သောအတန်းများ

English Anytime အချိန်မရွေး အင်္ဂလိပ်စာသင်ကြားရေးဆိုတဲ့အတိုင်း ၊ ကျွန်တော်တို့ရဲ့ စာသင်သားတွေဟာ ကျောင်းကို ကိုယ်တိုင်မလာရောက်ဖြစ်နိုင်ခဲ့ရင်လည်း သူတို့ရဲ့မိုဘိုင်းဖုန်းတွေ၊ ကွန်ပြူတာတွေကနေ အင်္ဂလိပ်စာကို လေ့လာနိုင်ကြမှာ ဖြစ်ပါတယ်။

အာမခံချက်ရှိသော အောင်မြင်မှု

ကျွန်တော်တို့ရဲ ့Multi-method နည်းစနစ်ဟာ စာသင်သားတွေကို အင်္ဂလိပ်စာထိရောက်စွာလေ့လာနိုင်ရေးအတွက် သီးသန့်ဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။ စာသင်သားတစ်ဦးစီတိုင်းမှာ သီးခြားရည်မှန်းချက်တွေရှိတတ်ကြပါတယ်။ သူတို့အနေနဲ့ ဒီသင်ကြားနည်းစနစ်ကို တိကျမှန်ကန်စွာ လိုက်နာသင်ကြားမယ်ဆိုရင် သူတို့ရဲ့ရည်မှန်းချက်တွေဆီရောက်မယ်လို့လည်း ကျွန်တော်တို့အာမခံပါတယ်။

Complementary class များ နှင့် social club များ

သင့်ဝန်ထမ်းတွေဟာ စာသင်ခြင်းအပြင် အပိုလှုပ်ရှားမှုတွေကိုလည်း ပါဝင်ရဦးမှာပါ။ ဒါမှသာ ပျော်ရွှင်စရာကောင်းတဲ့ပတ်ဝန်းကျင်ထဲမှာ အင်္ဂလိပ်စကားကို လက်တွေ့လေ့ကျင့်နိုင်၊ အပြန်အလှန်ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ 

တစ်ဦးတစ်ယောက်ချင်းဆီအတွက် ထောက်ပံ့မှု

ကျွန်တော်တို့ရဲ့personal tutor တွေဟာ သင့်ဝန်ထမ်းတွေရဲ ့သင်ကြားရေးမှာ အမြဲအဆင်ပြေနေစေဖို့နဲ့ မေးလိုတဲ့မေးခွန်းတွေကို ကူညီဖြေကြားပေးဖို ့ အမြဲအဆင်သင့်ရှိနေမှာ ဖြစ်ပါတယ်။

ဝန်ထမ်းများရဲ့တိုးတက်မှုကို မှတ်တမ်းတင်ခြင်း

ကျွန်တော်တို့ဟာ လစဉ်လတိုင်းမှာ သင့်ဝန်ထမ်းတစ်ဦးချင်းရဲ့ တိုးတက်မှုနဲ့ သူတို့ အားလုံးရဲ့ တိုးတက်မှုတို့ကို ခြေရာခံစောင့်ကြည့်ပြီး သုံးသပ်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းဆိုင်ရာ သင်တန်းများအတွက် အထူးစျေးနှုန်း

Wall Street English ကျောင်းမှ မြန်မာ့စီးပွားရေးလုပ်ငန်းလောကမှာ အင်္ဂလိပ်ဘာသာစကားအသုံးပြုမှုကို မြှင့်တင်ပေးချင်ပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာသင်တန်းတွေအတွက် ထူးထူးခြားခြားလျှော့စျေးတွေလည်း ပေးထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာအဆင့် အသိအမှတ်ပြုအောင်လက်မှတ်

ကျွန်တော်တို့ရဲ့ အင်္ဂလိပ်စာအဆင့်သတ်မှတ်ချက်ဟာ သင့်အနေနဲ့ အခြားကမ္ဘာ့အဆင့် အင်္ဂလိပ်စာတတ်မြောက်မှုသတ်မှတ်ချက်တွေဖြစ်တဲ့ IELTS ၊ TOFEL ၊ CER တို ့နဲ ့ယှဉ်ကြည့်ရင် ဘယ်လောက်ရှိနေမလဲဆိုတာကို ရှင်းလင်းစွာ မြင်တွေ့စေမှာပါ။

THE WALL STREET ENGLISH METHOD

Wall Street English ကျောင်းမှာ သင့်အနေနဲ ့စာသင်မယ်ဆိုရင် မှတ်မိအောင်စာကျက်ပြီးသင်ရတဲ့ပုံစံမျိုးနဲ ့လေ့လာရမှာ မဟုတ်ပါဘူး။
ကျွန်ုပ်တို့ရဲ့ သင်ကြားနည်းစနစ်ဟာ ဘာသာစကားပိုင်နိုင်မှု (၄) သွယ်ဖြစ်တဲ့ အရေး၊ အဖတ်၊ အပြော၊ အကြားစွမ်းရည်တို့ကို ပိုင်နိုင်ကျွမ်းကျင်စေရန် စနစ်တကျစီမံထားပါတယ်။ ကျွန်ုပ်တို့ရဲ့သင်ရိုးဟာ အစကနေအဆုံးအထိ ဖျော်ဖြေရေးဆန်တဲ့ ဇာတ်ကြောင်းပုံစံနဲ့ ဖွဲ့စည်းထားပါတယ်။

အင်္ဂလိပ်စာ လေ့လာရေးစက်ဝန်း 

Wall Street English မှာဆိုရင် သင့်ဝန်ထမ်းတွေဟာ အင်္ဂလိပ်စာလေ့လာရေးကို ကျွန်တော်တို ့ရဲ့ interactive lessons တွေနဲ ့လေ့ကျင့်ရမှာဖြစ်ပြီး ဒီသင်ခန်းစာတွေက သူတို ့အတွက် ဝေါဟာရအသစ်တွေ၊ ဘာသာစကားအသုံးချပုံတွေ ၊ အီဒီယမ်တွေနဲ ့အသံထွက်တွေအားလုံးကို မာလ်တီမီဒီယာပုံစံနဲ ့တကယ့်ဘဝအခြေအနေမှာ တွေ ့ကြံုရတဲ့ဗီဒီယိုတွေပေးကြည့်ရင်း သင်ကြားပေးသွားမှာဖြစ်ပါတယ် ။ သူတို ့ဟာ ဒီသင်ခန်းစာတွေကို လေ့လာရင်းနဲ ့ အင်္ဂလိပ်စကားပြောစွမ်းရည်ပိုင်းမှာလည်း နားထောင်ခြင်း ၊ တထပ်ထဲပြန်ရွတ်ဆိုခြင်း ၊ စာဖတ်ခြင်းတွေကို လုပ်ရင်း ပိုတိုးတက်လာမှာ ဖြစ်ပါတယ် ။ ဒီသင်ခန်းစာတွေမှာ အပိုင်းလိုက် အဆင့်လိုက်ခွဲထားတာမို ့ ၊ ကိုယ့်ဝန်ထမ်းတွေ ဘယ်အဆင့်ထိ လေ့လာတတ်မြောက်ပြီးပြီလဲဆိုတာကိုလည်း သိရှိနိုင်ပါတယ်။
ကျောင်းသားတွေဟာ သူတို ့ရဲ ့သင်ခန်းစာတွေကို  ကျောင်းသားတွေဟာ သူတို ့ရဲ ့သင်ခန်းစာတွေကို ပြီးဆုံးအောင်လုပ်ပြီးသွားရင် ကိုယ်လေ့လာခဲ့တာတွေကို ပြန်စစ်ဆေးသုံးသပ်တာမျိုးကို digital book တွေနဲ ့လုပ်နိုင်ပါတယ် ။ သူတို ့ဟာ အင်္ဂလိပ်ဆရာတွေရဲ ့အကြံဉာဏ်တွေ ၊ သုံးသပ်ချက်တွေကိုလည်း အကူအညီလိုတဲ့နေရာတိုင်းမှာ ရနိုင်ပါတယ်။
ဒီအတန်းတွေကတော့ လေ့လာရေးစက်ဝိုင်းမှာ နောက်ဆုံးအဆင့်ဖြစ်ပါတယ် ။ သင့်ဝန်ထမ်းတွေ အင်္ဂလိပ်စကားကို ယုံကြည်မှုရှိရှိ ပြောဆိုနိုင်စေဖို ့အတွက် Encounter Class တစ်ခုချင်းစီမှာ ပျမ်းမျှ အင်္ဂလိပ်စာအဆင့်တူကျောင်းသား ၄ ဦးစီလောက်ထားရှိပေးပါတယ် ။ ဒီသင်တန်းမှာ မူရင်းအင်္ဂလိပ်ဆရာတစ်ဦးကနေပြီး ကျောင်းသားတွေကို လက်တွေ ့အင်္ဂလိပ်စကားပြောမှုလုပ်နိုင်အောင် စနစ်တကျဖွဲ ့စည်းထားတဲ့ သင်ခန်းစာတွေကတဆင့် စစ်ဆေး သင်ကြားပေးပါတယ် ။ အပြန်အလှန်ပြောဆိုရတဲ့ စကားပြောပုံစံတွေသုံးခြင်းအားဖြင့် ဆရာနဲ ့ကျောင်းသား ၊ ကျောင်းသားအချင်းချင်း စကားပြောဆိုဖြစ်ကြပြီး ဆရာအနေနဲ ့လည်း ကျောင်းသားတစ်ဦးချင်းရဲ ့လေ့လာမှုကို သူတို ့မေးခွန်းတွေကို ဖြေကြားပေးရင်း ပြောဆိုရင်းနဲ ့အတည်ပြုပေးနိုင်မှာ ဖြစ်ပါတယ် ။ 

အင်္ဂလိပ်စကားလက်တွေ ့ပြောဆိုမှု အလေ့အကျင့်များပိုရခြင်း

တွေကတော့ သင့်ဝန်ထမ်းတွေရဲ င်္ဂလိပ်လိုပြောဆိုဆက်ဆံမှုအရည်အသွေးတွေတိုးတက်စေဖို ့ပျော်စရာကောင်းတဲ့ အပြန်အလှန်ပြောဆိုကြတဲ့နည်းနဲ ့သင်ကြားပေးတဲ့နေရာတွေ ဖြစ်ပါတယ် ။ ဒီ ကလပ်တွေတက်ရင် သင့်ဝန်ထမ်းတွေဟာ အင်္ဂလိပ်စကားချည်းပဲ သီးသန် ့ပြောဆိုတဲ့အုပ်စုလိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ဖြစ်တဲ့အခွင့်အလမ်းရစေမှာဖြစ်ပါတယ်။
သင့်ဝန်ထမ်းတွေအတွက် အင်္ဂလိပ်စာတိုးတက်စေမယ့် နောက်ထပ်အခွင့်အလမ်းကတော့ ကျွန်တော်တို ့ရဲ ့နိုင်ငံခြားဆရာတွေ ဦးဆောင်သင်ကြားတဲ့ English Corners တွေပဲဖြစ်ပါတယ် ။ ဒီအတန်းတွေမှာတော့ ကျောင်းသားတွေဟာ သူတို ့ရဲ ့စိတ်ကူးအမြင်တွေကို နိုင်ငံခြားသားဆရာရဲ ့လမ်းညွှန်မှုနဲ ့ဖေါ်ပြပြောဆိုင်နိုင်မှာဖြစ်ပါတယ် ။ ဒါဟာ သင့်ဝန်ထမ်းတွေရဲဲ ့လူမှုဘဝအတွက်လည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
ဒီအတန်းတွေကတော့ သင့်ဝန်ထမ်းတွေအတွက် သူတို ့လေ့လာထားတဲ့အပြန်အလှန်စကားပြောစွမ်းရည်တွေကို လက်တွေ ့ပြန်အသုံးချဖို ့ အခွင့်အလမ်းရစေမှာဖြစ်ပါတယ် ။ ဒီအတန်းတွေဟာ ကျောင်းသားတွေအတွက် အထောက်အကူဖြစ်စေမယ့်ပတ်ဝန်းကျင် ၊ ကောင်းစွာဖွဲ ့စည်းတည်ဆောက်ထားတဲ့သင်ခန်းစာတွေနဲ ့လက်တွေ ့ပြောဆိုလေ့ကျင့်ဖို ့အခွင့်အလမ်းတွေကို ပိုပေးနိုင်အောင်လုပ်ထားတာပါ။

Wall Street EnglishOnline Community

ဒီ အွန်လိုင်းရပ်ဝန်းလေးကတော့ သင့်ဝန်ထမ်းတွေနဲ ့တကမ္ဘာလုံးက ဆရာတွေ ၊ ကျောင်းသားတွေနဲ့ ဆက်သွယ်နိုင်ပြီး လေ့ကျင့်မှုကိုပိုမိုရရှိစေနိုင်ပါသည်။ 

သင့်ဝန်ထမ်းတွေ၏ အင်္ဂလိပ်ဘာသာစကားအရည်အချင်းကို တိုးတက်စေချင်ပါသလား? ကျွန်ုပ်တို့ကို ဆက်သွယ်ပါ