Wall Street English ကျောင်းမှ စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာလေ့ကျင့်ရေးသင်တန်း

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ

အသုံးဝင်ရုံသာမက မရှိမဖြစ်လိုအပ်လာသော 

အင်္ဂလိပ်စာ အရေးပါပုံ

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးဟာ ပိုပြီး ချိတ်ဆက်နွယ်ယှက်မှုတွေဖြစ်လာပြီး စီးပွားရေးလုပ်ငန်းလောကမှာအောင်မြင်မှုရဖို့အတွက် အင်္ဂလိပ်စာကို ကမ္ဘာသုံးဘာသာစကားအဖြစ်လည်း အသုံးပြုလာနေကြပါတယ်။ ကုမ္ပဏီတွေဟာလည်း သူတို့ရဲ့ဝန်ထမ်းတွေကို အင်္ဂလိပ်ဘာသာစကားကို ပရော်ဖက်ရှင်နယ်ကျကျ သုံးစွဲနိုင်တဲ့သူတွေဖြစ်နေဖို့ပိုပြီး လိုအပ်လာနေလျက်ရှိပါတယ်။ အာဆီယံအဖွဲ့ကြီးမှာ စတင်ပါဝင်ခဲ့တာအညီ အင်္ဂလိပ်ဘာသာစကားဟာလည်း မြန်မာကုမ္ပဏီတွေအတွက် ပိုအရေးကြီးလာပြီး ၎င်းတို့ဟာ အင်္ဂလိပ်လိုထိရောက်စွာ ဆက်သွယ်ပြောဆိုနိုင်တဲ့ဝန်ထမ်းတွေကို ပိုမို ခန့်အပ်ထားရှိလာနေပါတယ်။

သင့်အတွက် မှန်ကန်တဲ့အင်္ဂလိပ်ဘာသာ လေ့ကျင့်ရေးသင်တန်း

ကုမ္ပဏီတိုင်း ဝန်ထမ်းတိုင်းဟာ အားလုံးအတူတူချည်းတော့ မဟုတ်ကြပါဘူး။ Wall Street English မှာ သင်နဲ့တွဲဖက်လုပ်ဆောင်မယ့် ကျွန်တော်တို့ရဲ့ Consultants တွေက သင့်ကုမ္ပဏီ၊ သင့်ဝန်ထမ်းတွေရဲ ့လိုအပ်ချက်တွေ ၊ သင့်ဘတ်ဂျတ်အနေအထားတို ့နဲ့ ကိုက်ညီမယ့် အင်္ဂလိပ်ဘာသာစကားလေ့ကျင့်ရေးအစီအစဉ်တွေကို ဖြည့်ဆည်းပေးနေပါတယ်။
 သင့်အနေနဲ ့ ကျွန်တော်တို ့ရဲ့ သင်တန်းအမျိုးအစားများစွာထဲမှ ကိုယ်နဲ့ ကိုယ့်ဝန်ထမ်းတွေနဲ့ အကောင်းဆုံးကိုက်ညီမှုရှိမယ့် ပေါင်းစပ်နိုင်မယ့် (Personalized courses, Market Leader and Skills Development Workshops) တွေကို ရွေးချယ်ပြီး လေ့လာသင်ယူနိုင်မှာပါ။ သင့်ဝန်ထမ်းတွေအတွက် သင်ရင်းနှီးမြုပ်နှံသမျှကနေ အကောင်းဆုံး ပြန်လည်ရရှိစေမှာဖြစ်တယ်လို့ ကျွန်တော်တို့က အာမခံချက်ပေးနိုင်ပါတယ်။

သင်တန်းအတွက် စဉ်ဆက် မပြတ်ကူညီထောက်ပံပေးနိုင်မှု

Wall Street English ဟာ စာသင်သားတစ်ဦးချင်းစီတိုင်းအတွက် စဉ်ဆက်မပြတ်လမ်းညွှန်မှုနဲ့ ထောက်ပံ့မှုတို့ကို ပေးအပ်နေတာပါ။ သင့်ဝန်ထမ်းတွေကို ကျွန်တော်တို့ရဲ့ Personal Tutors တွေနဲ့ တွဲဖက်ပေးထားမှာဖြစ်ပြီး သူတို့က သင့်ဝန်ထမ်းတွေ၏ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုပန်းတိုင်တွေဆီရောက်အောင် ကူညီပေးနိုင်မှာပါ။ သင့်ဝန်ထမ်းတွေရဲ့ လစဉ်တိုးတက်မှုမှတ်တမ်းကိုလည်း ပေးပို့ပေးသွားမှာဖြစ်လို့ အင်္ဂလိပ်စာတိုးတက်မှုကို အချိန်မရွေး ပြန်လည် စစ်ဆေးကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ Wall Street English ကျောင်းမှာ အင်္ဂလိပ်ဘာသာစကားသင်ကြားမှုလုပ်လာတာ အနှစ် ၄၀ သက်တမ်းရှိခဲ့ပါပြီ။ ကျွန်တော်တို့ကျောင်းဟာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ကျောင်းခွဲပေါင်း ၄၂၅ ခုနဲ့ သင်ကြားပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အင်္ဂလိပ်စာသင်ကျောင်းတစ်ခုဖြစ်ပြီး သင့်ဝန်ထမ်းတွေကို အင်္ဂလိပ်စကားကို ယုံကြည်မှုရှိရှိနဲ့ ပြောဆိုနိုင်ဖို့ ထူးခြားတဲ့သင်ကြားနည်းနဲ့ ကူညီပေးနေတဲ့ ကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။

သင့်ဝန်ထမ်းတွေ၏ အင်္ဂလိပ်ဘာသာစကားအရည်အချင်းကို တိုးတက်စေချင်ပါသလား? ကျွန်ုပ်တို့ကို ဆက်သွယ်ပါ