Open Your World Through Reading

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ တတ်မြောက်ခြင်း၏ ကောင်းကျိုးများ (၂)

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာ တတ်မြောက်ခြင်း၏ ကောင်းကျိုးများ (၂)

Dec 27, 2018 |

စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာဆိုတာ သာမာန်နေ့စဉ်ပြော စကားတွေကနေ အများကြီး ကွဲထွက်နေပါတယ်။ ပုံမှန်အားဖြင့် Formal ဖြစ်တဲ့နေရာတွေမှာ အသုံးပြုသလို နေ့စဉ်လုပ်ငန်းမှာ အသုံးပြုဖို့ အပြင် အခြားသော လုပ်ငန်းပိုင်းဆိုင်ရာ ပညာရပ်ပိုင်းဆိုင်ရာကိစ္စတွေကို ရေးသားတဲ့ အခါမှာလည်းအသုံးပြုရပါတယ်။ ပိုပြီးထိရောက်ရှင်းလင်းစွာရေးသားနိုင်ဖို့အတွက် အသုံးပြုကြပါတယ်။ အခုပြောပြပေးမှာတော့ Business English တတ်မြောက်တဲ့အခါရရှိတဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။

ဝေါဟာရရွေးချယ်မှု ကျယ်ပြန့်လာခြင်း

စီးပွားရေးနဲ့ ပတ်သက်နဲ့ ပညာရပ်ပိုင်းဆိုင်ရာ စကားလုံးတွေပိုပြီး ကြွယ်ဝလာမယ်။ ဒီလို စီးပွားရေးလုပ်ငန်းသုံး အင်္ဂလိပ်စာကို ပိုင်နိုင်ထားတဲ့သုူက နိုင်ငံတကာ စီးပွားရေးအကြောင်းတွေ၊ Blog တွေ မဂ္ဂဇင်းတွေ ဖတ်တဲ့အခါမှာ ပိုပြီးတော့ လွယ်ကူမယ်။
ခေါင်းထဲမှာ ပြောစရာ စကားလုံးကြွယ်ဝတဲ့အတွက် ဘယ်လို အင်္ဂလိပ်စာအဆင့်ရှိတဲ့သူနဲ့မဆို လိုအပ်သလို ပြောဆိုလာနိုင်မယ်။

အထင်ကြီးလေးစားမှုကို ခံရခြင်း

နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့သူဆိုရင်တော့ စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရဲ့ အရေးပါမှုဟာ ပိုမိုထင်ရှားနေမှာပါ။ ကိုယ့်ရဲ့နိုင်ငံခြားသားလုပ်ဖော်ကိုင်ဖက်တွေနဲ့ အချိန်မရွေး အခါမရွေး အင်္ဂလိပ်လိုပြောဆိုဆက်ဆံနိုင်တယ်ဆိုတော့
ထင်မြင်လေးစားမှု Impression ကောင်းတာပေါ့။ Presentation တွေလုပ်ရတဲ့အခါဆို အင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်ပြီး အပြန်အလှန် အမေးအဖြေတွေလုပ်နိုင်တဲ့အခါ လုပ်ငန်းရှင် (သို့) ပရိသတ်ရဲ့ အထင်ကြီးလေးစားမှုကိုလည်း
အရယူနိုင်မှာပေါ့။

ထိရောက်တွင်ကျယ်စွာအလုပ်လုပ်နိုင်ခြင်း

စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာက နေ့စဉ်အလုပ်လုပ်တဲ့အခါမှာ ပိုပြီးအလုပ်တွင်ကျယ်အောင်ဆောင်ရွက်ပေးပါလိမ့်မယ်။ မေးလာမယ့်မေးခွန်းတွေကို ချက်ချင်းဖြေနိုင်မယ်။ အင်္ဂလိပ်စာတွေကို အချိန်နည်းနည်းအတွင်း ဖတ်နိုင်မယ်။ အင်္ဂလိပ်
လိုရေးရတဲ့အခါ ပိုမြန်လာမယ်။ အကြားစွမ်းရည်ကောင်းနေတဲ့အတွက် နားလည်မှုလွဲတာမျိုးမဖြစ်တော့ဘူး။ ထိရောက်တဲ့ Meeting မှတ်တမ်းတွေရေးလာနိုင်မယ်။ 

ဒီလို အစဉ်အဆက်မပြတ်တိုးတက်နေတဲ့ လုက်ငန်းခွင်တွေမှာ စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာ အထူးတတ်မြောက်ထားဖို့လိုအပ်ပါတယ်နော်။ ဘယ်တော့မှာ နောက်ကျတယ်ဆိုပြီးမရှိတာမို့ WSE အနေနဲ့ သင်တို့ရဲ့လုပ်ငန်းခွင်မှာ လိုအပ်တဲ့စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာကို သင်ယူဖို့တိုက်တွန်းလိုက်ပါရစေ။