Open Your World Through Reading

 အင်္ဂလိပ်စကား ပြောရမှာကြောက်တယ်ဆိိုရင်

အင်္ဂလိပ်စကား ပြောရမှာကြောက်တယ်ဆိိုရင်

Jun 13, 2017 |

သင်ဟာ အင်္ဂလိပ်စကားပြောသူ နိုင်ငံခြားသားတစ်ဦးဖြစ်နေလား။ အင်္ဂလိပ်လို စကားပြောရာမှာ အခက်အခဲ တွေရှိနေပါသလား။ အင်္ဂလိပ်ဘာသာစကားဟာ တကမ္ဘာလုံးကို ချိတ်ဆက်ပေးတဲ့ ဘာသာစကားတစ်ရပ် လည်းဖြစ်လာသလို ကမ္ဘာမှာ အကျယ်ပြန့် ဆုံး ၊ အသုံးအများဆုံး စကားလည်းဖြစ်လို့ လာနေပါပြီ။ သို့ သော် လည်း နိုင်ငံခြားသားတစ်ဦးအတွက် အင်္ဂလိပ်စကားကို မူရင်းလူမျိုးတွေလို သွက်လက်စွာပြောဆိုဖို့  မလွယ် လှပါ ၊ အထူးသဖြင့် စကားပြောရမယ့်အခါမှာဖြစ်တတ်ပါတယ်။ ဒီမှာ ရေးထားတဲ့ ငါးချက်ကတော့ သင့်အင်္ဂ လိပ်စကားပြောဖို့ ဘာ့ကြောင့်ကြောက်နေသလဲဆိုတဲ့အကြောင်းရင်း မေးခွန်းကို အဖြေပေးနိုင်ပါလိမ့်မယ်။

အင်္ဂလိပ်လိုပြောဆိုဖို့  အရမ်းရှက်နေ ၊ ကြောက်နေလား

Young man shy to speak English

အရင်ဆုံးသိရမှာက အင်္ဂလိပ်စကားသင်တဲ့သူတွေဟာ အင်္ဂလိပ်လိုပြောဆိုဆက်သွယ်ဖို့  သိပ်ရှက်တတ်ကြ တယ်ဆိုတာပါ။ အင်္ဂလိပ်စကားကို ယုံကြည်မှုရှိရှိနဲ့ သင်ပြောဖူးပါသလား။ “သတ္တိဆိုတာ အကြောက်တရား ကို ခုခံမယ့်အရာ ၊ အကြောက်တရားကို ထိန်းချုပ်တာ ၊ အကြောက်တရားပျောက်ကွယ်သွားတာမဟုတ်ဘူး” ( မက်တွိန်း)။ ဒါ့ကြောင့် သင့်အနေနဲ့  အင်္ဂလိပ်စကားပြောဖို့  ကြောက်မနေသင့်ပါဘူး။ စိတ်ကိုဖွင့်လိုက်ပါ။ အင်္ဂလိပ်စကားပြောပါ။ အမှားတွေ လုပ်မိမှာကိုလည်း မကြောက်ပါနဲ့။ ကလေးတိုင်းဟာ လမ်းမလျှောက် တတ်ခင်မှာတော့ အနည်းဆုံးတစ်ကြိမ်လောက် ချော်လဲခဲ့ဖူးတာချည်းပါပဲ။ ဒီလိုပဲ ၊ အမှားတွေမလုပ်မိဘဲ လည်း လူတစ်ယောက်ဟာ အောင်မြင်ခဲပါတယ်။ အကြောက်တရားကို ကျွန်တော်တို့ ထိန်းချုပ်နိုင်မယ့် နည်းလမ်းကတော့ အင်္ဂလိပ်စကားကို ဖြစ်နိုင်သမျှ များများ လေ့ကျင့်ပေးတာပါပဲ။ “အကြောက်တရားမထား ဘဲ စကားပြောကြည့်ပါ”- သင့်စကားက ဘယ်လိုဆိုးနေသည်ကောင်းနေသည်ဖြစ်ပါစေ။ အမှားတွေကနေ သင်ယူလေ့လာတာကို သိရပါမယ်။

သင့်မှာကိုယ်ပိုင် နည်းကောင်းတွေ ရှိထားလား

ဒုတိယအချက်အနေနဲ့ ပြောရရင် လူတော်တော်များများဟာ အင်္ဂလိပ်စကားကို ကျွမ်းကျင်သွက်လက်စွာ ပြောဆိုနိုင်ဖို့ သင့်တော်တဲ့နည်းကောင်းတွေ မရှိကြပါဘူး။ ယေဘုယျအားဖြင့် ၊ သူတို့ ဟာ အင်္ဂလိပ်စာ သင်ဖို့ အချိန်တွေအများကြီးပေးရင်း ကုန်ဆုံးကြတယ်။ သို့ သော်လည်း တစ်ခုလုံးအနေနဲ့ ခြုံပြီး အင်္ဂလိပ်လိုဗဟုသုတတိုးတက်လာတယ်ဆိုရင်တောင်မှ သူတို့ ရဲ့ စကားပြောစွမ်းရည်ဟာ တိုးတက်မလာ ပါဘူး။ ဒါကြောင့်အင်္ဂလိပ်စာ သင်ကြားနေတဲ့အချိန်မှာ တတ်နိုင်သမျှ အာရုံတွေကိုစုပေါင်းတာရပါမယ်။  ဥပမာပြောရရင် သင်ဟာ အကြောင်းအရာတွေကို ပုံဆွဲပြနိုင်တယ် ၊ အမူအရာဘာသာစကားသုံး ပြီး ကိုယ်ဘာပြောနေတယ်ဆိုတာကို ဖေါ်ပြနိုင်တယ် ၊ အင်္ဂလိပ်လိုပြောကြတာတွေကိုလည်း များများ နားထောင်ဖြစ်တယ် ၊ အင်္ဂလိပ်ရုပ်ရှင်တွေ များများကြည့်ဖြစ်တယ် စသဖြင့်ပေါ့…

အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်တစ်ခု မရှိတာမျိုး ဖြစ်နေလား

students speaking English together

တတိယအချက်ကတော့ လျော်ကန်သင့်မြတ်တဲ့ပတ်ဝန်းကျင်တစ်ခု ချို့ တဲ့လို့ သင့်အနေနဲ့ အင်္ဂလိပ်လိုပြော ရမှာ ကြောက်နေတာလည်း ဖြစ်တတ်ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုနဲ့  ဝင်ရောနှောလိုက်မယ်ဆိုရင် သင်ဟာ ပိုပြီး လွယ်ကူထိရောက်စွာ ဆက်သွယ်လာနိုင်မှာဖြစ်သလို ၊ အခြားသူ တွေပြောတာကို နားထောင်ရင်း ၊ အပြန်အလှန်ပြောဆိုရင်း ပိုပြီး ယုံကြည်မှုတွေလည်း ရလာမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း နည်းလမ်းမျိုးစုံနဲ့ အတူ အင်္ဂလိပ်ရုပ်ရှင်တွေကြည့်တာ ၊ အင်္ဂလိပ်စကားပြောတွေ နားထောင်တာ ၊ စကားပြောအတန်းတွေ ဝင်တက်တာ ၊ အင်္ဂလိပ်စကားပြောအဖွဲ့တွေ ဖန်တီးတာ အစရှိသဖြင့် အင်္ဂလိပ်ဘာသာစကားနဲ့  မိမိကိုယ်ကိုယ်ဝန်းရံထားလိုက်ပါ။ ဒီလိုမျိုး ပတ်ဝန်းကျင်မျိုးထဲသာဝင်ရောက် ရောနှောနေလိုက်ပြီဆိုရင် သင်ဟာ ကိုယ့်ရဲ့ စကားပြောစွမ်းရည်တွေ နေ့ စဉ်တိုးတက်လာတာကို တွေ့ မိမှာပါ ။။ တခါတုန်းက အင်္ဂလိပ် လိုပြောဖို့ ဘယ်လောက်တောင်ကြောက်လန့် ခဲ့ရတဲ့ကိုယ့်ကိုယ်ကိုယ်လည်း ပြန်သတိရမိပြီး အသံထွက်ရယ် မောမိမှာ အမှန်ပါ။

အင်္ဂလိပ်ဝေါဟာရတွေကို အလွတ်ကျက်တတ်လား

စတုတ္ထအချက်ကတော့ ဝေါဟာရတွေကို ပိုင်နိုင်ကျွမ်းကျင်မှုရှိတာဟာ အင်္ဂလိပ်လို သွက်လက်စွာ ပြောဆို ချင်သူတွေအတွက် အလွန်ပဲ အရေးကြီးပါတယ် ။ စာသင်သားတိုင်းက သိကြသော်လည်း သူတို့ ဟာ ဝေါ ဟာရတွေကို ပိုကြွယ်ဝလာစေဖို့  နည်းမှန်လမ်းမှန်ကို မသုံးတတ်ကြပါဘူး ။ အများစုဟာ ဝေါဟာရကို စာ ရေးချကြည့်ရင်း ၊ စကားလုံးတွေကို ရေရွတ်ကြည့်ရင်း မှတ်မိအောင် သင်ယူလေ့လာတတ်ကြပြီး ဒီနည်းက အဓိပ္ပာယ်မရှိပါဘူး ။ ဘာ့ကြောင့်လဲဆိုတော့ ဒီနည်းဟောင်းက စကားလုံးသစ်တွေကိုမှတ်မိဖို့ အထောက် အကူပေးတတ်သလို ပြီးတာနဲ့ တပြိုင်နက် ပြန်မေ့သွားစေလို့ လည်း ဖြစ်ပါတယ် ။ ဒါ့ကြောင့် အောက်ပါ နည်းလမ်းများကို လိုက်လုပ်ကြည့်ပါ ။ ဝေါဟာရလေ့လာဖို့ အာဘော်အကြောင်းအရာတစ်ခုကို ရွေးချယ်ပါ ။ စကားလုံးတွေကို မြန်မြန်မှတ်မိအောင် ရုပ်ပုံတွေ ၊ အသံတွေသုံးပါ ။ စကားလုံးသစ်တွေ ၊ စကားအသစ် တွေကို ရေးချမှတ်ထားဖို့  မှတ်စုစာအုပ်တစ်အုပ်ထားပါ ။ ရင်းမြစ်တစ်ခုတူတဲ့အခြားစကားလုံးတွေကို ရှာပါ ။ ကိုယ်သင်လိုက်တဲ့ဝေါဟာရအသစ်ကို ချက်ချင်းပြန်သုံးသပ်ပါ ။ သူငယ်ချင်းတွေနဲ့ အတူ ဝေါ ဟာရကြွယ်ဝစွာပြောနိုင်ဖို့ စကားလုံးတွေကို များနိုင်သလောက်များများ ပြောဆိုလေ့ကျင့်ပါ ။

အင်္ဂလိပ်စာလေ့လာဖို့  သည်းခံနိုင်စွမ်း အလုံအလောက်မရှိဘူးလား

နောက်ဆုံးအချက်ကတော့  အင်္ဂလိပ်စကားပြောတတ်ဖို့ အချိန်ဘယ်လောက်ယူရမလဲလို့ စာသင်သားတော်တော်များများ မေးတတ်ကြပါတယ်။ သူတို့ ဟာ ပထမဆုံးတော့ အင်္ဂလိပ်စာကို လေ့လာဖို့ စိတ်အားထက်သန် ကြတယ်။ ဒါပေမဲ့ အခက်အခဲတွေအများကြီး ကြုံပြီးနောက် သည်းခံနိုင်စွမ်း ကုန်သွားကြရော။ သည်းခံနိုင် စွမ်းဟာ ကောင်းတယ်ဆိုတာ အမှတ်ရပါ။ တရုတ်ပညာရှိတစ်ဦးက ပြောတာကတော့ “လေ့လာတယ်ဆို တာ ရေဆန်ကို လှော်ခတ်ရတာနဲ့ တူတယ်ဆိုပါတယ်။ အရှေ့ ကို မတိုးနိုင်ရင် နောက်ပြန်မျောမယ်”တဲ့။ အရင်ဆုံးအနေနဲ့ ကတော့ သင့်အနေနဲ့  ဒီမေးခွန်းကို ဖြေဖို့ လိုမယ်။ ဘာ့ကြောင့် အင်္ဂလိပ်စာသင်ချင်ရတာ လဲ။ အင်္ဂလိပ်လို စကားတွေပြောရမှာ ကြောက်နေလား။ ဒီနောက်မှာတော့ သင့်ကိုယ်ပိုင်နည်းဗျူဟာကို တီထွင်ပါ။ အင်္ဂလိပ်စကားကို သဘာဝကျကျလေ့လာပါ။ စာသင်ရတာ လေ့လာရတာကို ပိုပြီးအဓိပ္ပာယ် ရှိအောင် ၊ ပျော်စရာဖြစ်အောင်လုပ်ပါ။ တစ်နေ့ မှာတော့ သင်လည်း “အင်္ဂလိပ်လိုစကားပြောရတာ အ ရမ်းသဘောကျတယ်” လို့  ပြောဖြစ်လာပါလိမ့်မယ်။

              နိဂုံးချုပ်ရရင်တော့ အင်္ဂလိပ်စကားသွက်လက်စွာပြောဆိုတတ်ဖို့ ဟာ ခက်ခဲပေမဲ့ ပျော်စရာ ကောင်းပါတယ်။ သို့ သော်လည်း လေ့ကျင့်မှုကသာ ပိုင်နိုင်ကျွမ်းကျင်မှုကိုဖြစ်စေမှာဖြစ်ပါတယ်။ ပိုင်နိုင် မှုဆိုတာကလည်း သင့်ရဲ့ စိတ်ပိုင်းဖြတ်ထားမှု ၊ ကြိုးစားမှု ၊ စိတ်ဓါတ်ပိုင်းတို့ ပေါ် မူတည်ပါတယ်။ ကိုယ့် ကိုယ်ပိုင်လေ့လာနည်းကို စမ်းထွင်ကြည့်ပါ။ အမှားလုပ်မိရင် မရှက်မိပါစေနဲ့။ တစ်နေ့ တော့သင်ဟာ အင်္ဂလိပ် လိုပြောရမှာကို မရှက်တော့တဲ့ အချိန်တစ်ခု ရောက်လာပါလိမ့်မယ်။