Open Your World Through Reading

သင့်အား အင်တာဗျူးခေါ်တဲ့ သူတွေဆီ အင်္ဂလိပ်လို ကျေးဇူးတင်ကြောင်းအီးမေးလ်ရေးပို့နည်း

သင့်အား အင်တာဗျူးခေါ်တဲ့ သူတွေဆီ အင်္ဂလိပ်လို ကျေးဇူးတင်ကြောင်းအီးမေးလ်ရေးပို့နည်း

Mar 08, 2018 |

ဘာ့ကြောင့် ကျေးဇူးတင်ကြောင်း အင်္ဂလိပ်လို အီးမေးလ်ရေးပို့ဖို့လိုအပ်ရတာလဲ။

ရိုးသားစွာပြောရရင်တော့ အာရှနိုင်ငံတွေမှာရော အထူးသဖြင့် မြန်မာနိုင်ငံမှာပါ ကျေးဇူးတင်ကြောင်း အီးမေးတွေ ရေးတာဟာ အတွေ့ရများတဲ့ အလေ့အထတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အင်တာဗျူးတစ်ခုပြီးသွားပြီးနောက် အဆက်အသွယ်ပြတ်သွားတာများပြီး ရလဒ်ကိုသာ သည်းခံစောင့်မျှော်နေလေ့ရှိကြပါတယ်။ ဒီလိုမျိုးလုပ်တာဟာ နိုင်ငံတကာအဆင့်မီကော်ပိုရေးရှင်းကြီးတွေ သို့မဟုတ် ဈေးကွက်ဦးဆောင်နေတဲ့ကုမ္ပဏီကြီးတွေမှာ အလုပ်လျှောက်ရင် ပရော်ဖက်ရှင်နယ်မဆန်တဲ့သဘောဖြစ်သွားပါလိမ့်မယ်။ အင်္ဂလိပ်လိုကျေးဇူးတင်ကြောင်း အီးမေးရေးတာဟာ သင့်အတွက် အလုပ်မရခင်စပ်ကြားကာလမှာ နည်းလမ်းနှစ်မျိုးနဲ့ အထောက်အပံ့ဖြစ်စေပါတယ်။ သင်ဟာ ကိုယ်လျှောက်မယ့်ရာထူးနေရာကို တကယ်စိတ်ဝင်စားတယ်ဆိုတာရယ်၊ သင့်အလားအလာကို အင်တာဗျူးမေးတဲ့သူတွေကို အသိပေးထားတဲ့သဘောရယ် နှစ်မျိုးဖြစ်စေပါတယ်။

 

ဒီတော့ အင်္ဂလိပ်လို ကျေးဇူးတင်ကြောင်းအီးမေးလ်ဆိုတာ ဘယ်လိုပုံစံမျိုးဖြစ်မလဲ။

ဒီလိုအီးမေးလ်မျိုးက တိုလည်း တိုတောင်းနိုင်ပါတယ်။ ဒါပေမဲ့ ကျေးဇူးတင်ကြောင်းအီးမေးလ်တစ်စောင်ကို ပရော်ဖက်ရှင်နယ်ကျကျ နည်းစနစ်ကြွယ်ဝစွာနဲ့ ရေးသားကိုင်တွယ်သင့်ပါတယ်။ အရင်ဆုံးအနေနဲ့ သင်ဟာ အင်တာဗျူးဖြေဆိုပြီးနောက် ၂၄ နာရီမှ ၄၈ နာရီအတွင်းမှာ ကျေးဇူးတင်ကြောင်းအီးမေးကို ပို့သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ဒါက သင့်ကို အင်တာဗျူးမေးခဲ့တဲ့သူတွေက ပြန်မှတ်မိစေမယ့်နည်းပါ။ သူတို့ကိုလည်း ကိုယ်နဲ့မေးမြန်းခဲ့တဲ့ အင်တာဗျူးတစ်ခုလုံးကို ပြန်စဉ်းစားစေ မှတ်မိစေတဲ့အချိန်ရသွားပါလိမ့်မယ်။

 

နောက်တစ်ချက်ကတော့ သင့်အီးမေးလ်မှာရေးမယ့် အကြောင်းအရာနဲ့ပတ်သက်ပြီး စာလုံးရေ ၁၅၀ လောက်နဲ့ ကျစ်လစ်တိကျစွာ ထိထိမိမိရေးသင့်ပါတယ်။ အင်တာဗျူးမေးသူတွေဟာ အလုပ်များတတ်ကြပြီး ရှည်လျားတဲ့ သို့ မဟုတ် သံသယရှိဖွယ် ထိရောက်မှုမရှိတဲ့အီးမေးလ်တွေဆိုရင် spam mail တွေလို့ထင်သွားပါလိမ့်မယ်။ အီးမေးလ်ထဲမှာတော့ အင်တာဗျူးဖို့ ဖိတ်ကြားခံရလို့ ကျေးဇူးတင်ကြောင်း ဖေါ်ပြရေးသားပါ။ ဒီရာထူးကို ကိုယ်ဘယ်လိုတန်ဖိုးထားကြောင်းနဲ့ သူတို့ဘက်က ပြန်ခေါ်မယ်ဆိုရင် ဆက်သွယ်ရမယ့်သတင်းအချက်အလက်တွေကို ရှင်းလင်းစွာရေးသားထားပါ။ မေးလ်ကို မပို့ခင်မှာ အနည်းဆုံးနှစ်ကြိမ်လောက်တော့ ကိုယ့်မေးကို စာလုံးပေါင်းသတ်ပုံစစ်ဖို့ အချိန်ပေးသင့်ပါတယ်။ သဒ္ဒါအမှားတွေ၊ စာလုံးပေါင်းအမှားတွေနဲ့ သေချာတည်းဖြတ်မထားတဲ့ အီးမေးတစ်စောင်က သင့်ရဲ့အလုပ်ကိုင်အခွင့်အရေးကို ဆုံးရှုံးစေမှာပါ။

 

နမူနာ အီးမေးလ်တချို့

ကျေးဇူးတင်ကြောင်း အီးမေးလ်တစ်စောင်ဟာ သင့်ရဲ့အိပ်မက်အလုပ်အကိုင်ကို ရှာဖွေရာမှာ ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကို သိထားပြီးတဲ့အပြင် Wall Street English မှ သင်အီးမေးလ်မရေးခင် ဖတ်သင့်တဲ့နမူနာအီးမေးလ်တချို့ကို စုစည်းပေးလိုက်ပါတယ်။ ကိုယ့်ကို အင်တာဗျူးတဲ့သူတွေကိုဦးတည်ပြီး သူတို့နှစ်သက်အောင် ကိုယ့်စိတ်ကူးနဲ့ကိုယ် အကောင်းဆုံးဖြစ်အောင် ပြန်ပြင်တည်းဖြတ်ပြီးလည်း ရေးနိုင်တယ်ဆိုတာ မှတ်ထားပေးပါ။

 

နမူနာ ၁

Subject: Your Name - Thank you for inviting me to the interview

Dear [interviewer Name],

Thank you so much for meeting with me today. It was such a pleasure to learn more about the team and the position of [position name]. I’m very excited about the opportunity to join [company name] and help [bring in new clients / develop world-class content / anything else awesome you would be doing] with your team.

I look forward to hearing from you about the next steps in the hiring process, and please do not hesitate to contact me if I should provide additional information.

Best regards,

[Your full name]

 

နမူနာ ၂

Subject: Your Name - Thank You

Dear Mr./Ms. [last name],

I appreciate your time and the information you shared in my interview on [date] for the [job title] position. I am very interested in this job and in becoming a contributor to your organization.

I believe my experience as a [your expertise] where I [name a vital accomplishment or work] will enable me to hit the ground running in this position.

Please contact me if you have any questions. I look forward to hearing from you soon. Thank you, again, for your time.

Best regards,

[Your full name]