Open Your World Through Reading

ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနှင့် သဟဇာတဖြစ်အောင် ဘယ်လိုနေမလဲ

ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနှင့် သဟဇာတဖြစ်အောင် ဘယ်လိုနေမလဲ

Jun 13, 2017 |

တက္ကသိုလ်ကနေ ဘွဲ့ ရကျောင်းထွက်ခဲ့ပြီးနောက် ကျွန်တော်ဟာ နာမည်ကြီးကုမ္ပဏီတစ်ခုမှာ ရုံးဝန်ထမ်း ပိုင်းအလုပ်တစ်ခုရခဲ့ပါတယ်။ မကြာမီမှာပဲ ကျွန်တော့်ရုံးမှာ လူတိုင်းဟာ ဂျိန်းကို မကြိုက်ကြတာကို ကျွန် တော်တွေ့ လာရပါတယ ။ သူမဟာ အရပ်ရှည်ရှည်နဲ့ ကောင်မလေးတစ်ဦးဖြစ်ပြီး ဆံပင်ရှည်အနက်ရောင် ၊ လှပတဲ့မျက်နှာလေးနဲ့ ပါ။ သူမ အမြဲဝတ်လေ့ရှိတာက ဖက်ရှင်ကျတဲ့အဝတ်အစားတွေဖြစ်ပြီး လူတိုင်း အာရုံစိုက်မိအောင် ဆွဲဆောင်မှုရှိပါတယ်။ ပထမတော့ ကျွန်တော့်ရုံးကလူတွေဟာ သူမကို မနာလိုလို့  မကြိုက်ကြတာထင်ခဲ့တယ် ၊ ဒါမျိုးဟာ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အတူ ခင်ခင်မင်မင်မနေနိုင်ဘူးဆိုရင် ဖြစ်နေကျပဲလို့ လည်း ထင်ခဲ့ပါတယ်။

Colleagues having relational problems

သင့်လုပ်ဖေါ်ကိုင်ဖက်များက သင့်ရန်သူများ ဖြစ်လာကြသောအခါ ……….

ကျွန်တော်ဟာ ရုံးမှာတစ်လလောက်ကြာလာတဲ့အခါ ကျွန်တော်လည်း သူတို့ နေရာက ခံစားတတ်လာပါတယ်။ ဂျိန်းဟာ အမြဲပဲ သွားရေစာမုန့် တွေစားပြီး ဆူညံသံတွေလုပ်နေလေ့ရှိတယ် ။ ဒါ့ကြောင့်ကျွန်တော့်ကို အလုပ် လုပ်ရတာ အာရုံပျက်စေပါတယ်။ သူမဟာ တစ်နေ့ ကို အနည်းဆုံး ၂ နာရီလောက် သူ့ ရည်းစားနဲ့ လည်း ရုံးထဲမှာ ဖုန်းအကျယ်ကြီးပြောနေလေ့ရှိပါတယ်။ ကျွန်တော်လည်း တကယ်ပဲ အလုပ်ခွင်မှာ သူလုပ်သမျှ ဆူညံသံတိုင်းကို စိတ်ပျက်လာပါတယ်။ သူမဟာ ဘာလုပ်လုပ် “Please , Thanks ” စတဲ့ ယဉ်ကျေးဖွယ်ရာ စကားတွေလည်း ပြောလေ့မရှိပါ။ သူ တခြားလူတွေနဲ့ စကားပြောတိုင်းလည်း ခေါင်းကိုမော့ထားပြီး မျက်လုံး တွေကို အောက်စိုက်ကြည့်တဲ့ပုံလုပ်ပါတယ်။ ကဲ ၊ ကောင်းပါပြီ ၊ ဒါဟာဖြင့် လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင် ပြေပြေ ချစ်ချစ်ခင်ခင်နေဖို့ မဖြစ်နိုင်တဲ့ကိစ္စကြီးတစ်ရပ် ဖြစ်လာနေပါပြီလား ဂျိန်းရေ။

                  တစ်နေ့ တော့ ရုံးကအကြီးတန်းဝန်ထမ်းတစ်ဦးက သူမကို ပေးစာတစ်စောင်ထုတ်ပေးပြီး ၊ တည်း ဖြတ်ခိုင်းပါတယ်။ သူမဟာ မုန့် ကိုဆက်စားနေပြီး အဲ့ဒီလူကိုတစ်ချက်မှတောင် မကြည့်ဘဲ စာကို စားပွဲပေါ် ပစ်တင်လိုက်ပါတယ်။ အကြီးတန်းဝန်ထမ်းလည်း တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်သွားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူမကိုယ်တိုင်ကလည်း သူ့ အဖေဆုံးထားလို့ ဆုံးရှုံးမှုအကြီးကြီး ခံစားနေရတဲ့သူတစ် ဦးဖြစ်နေလို့ ပါ။ သူမဟာ အသံကိုမြှင့်ပြီး ဂျိန်းကို သင်ခန်းစာတစ်ခုပြောပါတော့တယ်။ ဒါပေမဲ့ ဂျိန်းဟာ သူမပြောနေတာကို ထပ်ပြီး မသိချင်ယောင်ဆောင်လိုက်ပါတယ်။ ဒီလိုနဲ့ သူမလည်း ဂျိန်းရဲ့ သဘောထား ကြောင့် စကားများရန်ဖြစ်မိပါတော့တယ်။ ဂျိန်းလည်း အလုပ်ထုတ်ခံရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ရုံးမှာရှိတဲ့ဘယ်သူကမှ ကုမ္ပဏီအကြီးအကဲဆီအထိ သိသွားတဲ့ဒီကိစ္စမှာ သူမဘက်ကနေ ကာကွယ်မပေးကြ တော့လို့ ပါ။

သင့်လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေ ဘယ်လိုနေမလဲ ……..

Colleagues having good relationship      
ဒီအဖြစ်လေးက ကျွန်တော့်ကို သင်ခန်းစာတစ်ခုပေးပါတယ်။ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အလုပ် ခွင်မှာ အဆင်ပြေပြေချစ်ချစ်ခင်ခင် ဘယ်လိုနေရမလဲဆိုတာကို လေ့လာထားခြင်းဟာ တကယ်ကို အရေးပါ 
ပါတယ်။ တကယ်လို့ သင့်လုပ်ဖေါ်ကိုင်ဖက်တွေက သင့်ကို နှစ်သက်တယ်ဆိုရင် သူတို့ က သင့်ကို ထောက် ခံပါလိမ့်မယ် ။ သင်လည်း ကိုယ့်အလုပ်တာဝန်တွေကို လွယ်ကူစွာ လုပ်နိုင်ပါလိမ့်မယ်။ သူတို့ က ထောက်ခံ အားပေးတာ မရှိဘူးဆိုရင်တော့ သူတို့ ဟာ သင့်ရဲ့ ရန်သူတွေဖြစ်လာပါလိမ့်မယ်။ ဘာလို့ များသင်ဟာ ရန် သူတွေအများကြီး ဝန်းရံနေတဲ့အဖြစ်ကို ရောက်ရမှာလဲ။ အောက်ပါအချက်လေးတွေကတော့ အလုပ်ခွင်ကို ပိုပြီးပျော်စရာကောင်းတဲ့နေရာလေးဖြစ်စေဖို့  စဉ်းစားရမယ့် အချက်လေးတွေပါပဲ။

 

-သင်နဲ့ တွဲဖက်လုပ်ကိုင်သူအားလုံးကို သူတို့က ကိုယ့်ထက်ငယ်ရွယ်သူတွေဖြစ်နေတာတောင်မှ လေးစားပါ။ လူတွေကို ကိုယ့်ကိုလေးစားစွာ ဆက်ဆံစေချင်သလိုမျိုးပဲ ကိုယ်ကလည်း လေးစားစွာ ဆက်ဆံပါ။ 

-အတူတွဲလုပ်တဲ့ ဝန်ထမ်းတွေကို မနက်ခင်း ရုံးတက်တာနဲ့ ပြုံးပြ နှုတ်ဆက်ပေးပါ။ ယုံပါ  ပြုံးပြ နှုတ်ဆက် တာဟာ မှော်ပါပဲ။

-ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေအကြိုက်ဆုံး ဂီတ ၊ စာအုပ်တွေ ၊ ဝါသနာတွေအကြောင်း မေးထား စုံစမ်းထားပါ။ ဒါပေမဲ့ သူတို့ ခံယူယုံကြည်တဲ့ ဘာသာရေး ၊ နိုင်ငံရေးအမြင်တို့ ၊ အိမ်ထောင်ရှိမရှိ..စတာတွေကိုတော့ မမေး မိဖို့ ရှောင်ကြဉ်ပါ။

-သင့်အနေနဲ့ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ မွေးနေ့ တွေကိုပါ မှတ်မိနေတယ်ဆိုရင် သိပ်ကောင်းမှာပါ ။ မွေး နေ့ တွေကို ဂုဏ်ပြုပေးဖို့ တခုခုလုပ်ပါ ။ ပြီးတော့လည်း သူတို့ အလုပ်ကောင်းတွေလုပ်မိရင် သို့ မဟုတ် ၊ ဝတ်စုံသစ်တွေဝတ်လာရင်ဖြစ်ဖြစ် ချီးကျူးပေးဖို့ မမေ့ပါနဲ့။

 

တကယ်တော့ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေ သဟဇာတဖြစ်ဖြစ်နေနိုင်တဲ့နည်းလမ်းတွေကတော့ အများကြီးရယ်ပါ။  အထက်ပါ နည်းလမ်းလေးတွေကတော့ လုပ်ဆောင်ကျင်သုံးရတာ လွယ်ကူပါတယ်။ ကဲ… ဒါတွေကို အခုပဲ ဘာ့ကြောင့် မစဘဲ နေရသလဲ ၊ ပျော်စရာကောင်းတဲ့ ဝန်ထမ်းတစ်ဦးဖြစ်အောင်နေကြည့်လိုက် ပါ။