Open Your World Through Reading

စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာ ကျွမ်းကျင်ခြင်းရဲ့ ကောင်းကျိုးများ

စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာ ကျွမ်းကျင်ခြင်းရဲ့ ကောင်းကျိုးများ

Oct 30, 2018 |

အင်္ဂလိပ်စာဟာ နိုင်ငံတကာသုံး ဘာသာစကားတစ်ခုဖြစ်တာမို့ အင်္ဂလိပ်စာကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းက သင့်ရဲ့ သက်မွေး
ဝမ်းကျောင်းအတွက်များစွာ အထောက်အကူပြုမှာဖြစ်ပါတယ်။ တခြားအရည်အချင်းတွေဖြစ်တဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊
တွေးခေါ်နိုင်စွမ်း၊ စီမံခန့်ခွဲမှုနိုင်စွမ်းတွေအပြင် သင့်ရဲ့ အင်္ဂလိပ်စာ အရည်အချင်းဟာလည်း လုပ်ငန်းရှင်တွေ အဓိကထားပြီးရှာဖွေတဲ့ အရည်အချင်းတစ်ခုဖြစ်လာခဲ့ပါပြီ။ သင်တို့ရဲ့ သက်မွေးဝမ်းကျောင်းနဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တွေချရာမှာ ပိုပြီး အထောက်အကူဖြစ်ဖို့အတွက် စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာ တတ်မြောက်ထားခြင်းရဲ့ အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိတယ်။

ပိုပြီးတော့ အပြိုင်အဆိုင်များတဲ့ လုပ်ငန်းခွင်မှာ ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လို အလွယ်တကူပြောဆိုနိုင်မယ်ဆိုရင် အရမ်းကောင်းတာပေါ့။ ကိုယ်ပြောချင်တာကို ကိုယ့်ရဲ့ မန်နေဂျာ၊ ကိုယ်ရဲ့ နိုင်ငံခြားကလုပ်ဖော်ကိုင်ဖက်တွေကို လုပ်ငန်းဆိုင်ရာ
ကိစ္စရပ်တွေတင်ပြတဲ့အခါ အင်္ဂလိပ်လိုကောင်းကောင်းပြောနိုင်ခြင်းအားဖြင့် ပိုပြီးတော့ ယုံကြည်မှုရှိစေမှာဖြစ်ပါတယ်။ ယုံကြည်မှု
အပြည့်ရှိနေတဲ့အတွက် ဘာလာလာ အဆင်သင့်ပဲဆိုတဲ့ ခံစားချက်နဲ့အတူ presentation တင်ဆက်မှုတွေကို
ပိုထိရောက်အောင်ဆောင်ရွက်နိုင်စေမှာဖြစ်ပါတယ်။

Confident
၂။ အလုပ်အကိုင် အခွင့်အရေးများလာမယ်။

 ယေဘုယျ အားဖြင့် အင်္ဂလိပ်လိုပြောရတဲ့ နိုင်ငံခြားသားတွေအများကြီးရှိတဲ့ လုပ်ငန်းခွင်တွေဟာ လုပ်အားခ ပိုများပြီး သင်ယူဖို့အခွင့်အလမ်းလည်းပိုများပါတယ်။ အလုပ်စလျှောက်တဲ့အချိန်ကစပြီး အင်္ဂလိပ်လိုကောင်းကောင်းတင်ဆက်နိုင်တာနဲ့ ရွေးချယ်ခံရနိုင်ခြေ
ပိုများလာမှာဖြစ်ပါတယ်။
နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာသာမက အခွင့်အရေးတွေအပေါ်ထားတဲ့ သင်ရဲ့ အမြင်လည်းပြောင်းလဲသွားမှာဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းအပေါ်သက်ရောက်မယ့် နိုင်ငံတကာက လုပ်ငန်းခေတ်ရေစီးကြောင်းတွေ၊ သတင်းတွေ၊ အကြံဥာဏ်တွေသာမက နိုင်ငံခြားက training အခွင့်အရေးတွေကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကုမ္ပဏီမှာ နိုင်ငံခြားသွားဖို့ ကိစ္စတွေရှိလာရင်လည်း
စီးပွားရေးအင်္ဂလိပ်လိပ်စာ ကိုကျွမ်းကျင်တဲ့သူက ရွေးချယ်ခံရဖို့ အခွင့်အရေများပါသေးတယ်။
Career

၃။ နိုင်ငံတကာနဲ့ လူမှုကွန်ယက်ချဲ့ထွင်နိုင်တယ်။

ဘယ်လုပ်ငန်းခွင်မှာမဆို လူမှုကွန်ယက်ချဲ့ထွင်နိုင်ခြင်းက အရမ်းအရေးကြီးပါတယ်။ စီးပွားရေးအင်္ဂလိပ်စာ ကျွမ်းကျင်ခြင်းအားဖြင့်
ဆွေးနွေးပွဲတွေ အစည်းအဝေးတွေ၊ မိတ်ဆုံစားပွဲတွေမှာ ကိုယ့်အကြောင်း၊ ကိုယ့် ကုမ္ပဏီနဲ့ နိုင်ငံအကြောင်းအပြင် ကိုယ့်ရဲ့ အတွေးအမြင် အယူအဆတွေကို လွယ်လွယ်ကူကူနဲ့ ဝေမျှနိုင်မှာဖြစ်ပါတယ်။ လူတွေက ကိုယ်ဘယ်ကလဲ ဘာလုပ်တယ်ဆိုတာကို ပိုပြီးမှတ်မိနေရုံသာမက အထင်ကြီးလေးစားမှုပိုခံရပြီး ထင်ပေါ်နေမှာ အသေအချာပါပဲ။ 

Networking

ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လာတာနဲ့အတူ အင်္ဂလိပ်စကားကျွမ်းကျင်တဲ့ ဝန်ထမ်းတွေအများအပြားလိုအပ်လာပါတယ်။ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေအပြင် ရည်မှန်းချက်မြင့်မားတဲ့ သူတစ်ယောက်ဆိုရင်တော့ စီးပွားရေးအင်္ဂလိပ်စာ အသုံးအနှုန်းတွေကို
အရေးရော အပြောပါ သေချာလေ့ကျင့်ထားဖို့လိုပါတယ်။ သေချာလေ့လာမယ်ဆိုရင်တော့ အောင်မြင်မှုလမ်းကြောင်းကို
လျှောက်လှမ်းနိုင်မှာ သေချာပါတယ်။