Open Your World Through Reading

ယဉ်ကျေးမှုမတူညီသူများနှင့် ကောင်းမွန်သော ပြောဆိုဆက်ဆံရေး တည်ဆောက်ခြင်း

ယဉ်ကျေးမှုမတူညီသူများနှင့် ကောင်းမွန်သော ပြောဆိုဆက်ဆံရေး တည်ဆောက်ခြင်း

Dec 21, 2018 |
Inter-culture communication ဆိုတာလုူမျိုးဘာသာမတူတဲ့သူတွေနဲ့ပြောဆိုဆက်ဆံတာကို ခေါ်တာပါ။
နိုင်ငံတကာ ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေ အများအပြားဝင်ရောက်လာရယ်၊ Globalization ဖြစ်လာတာနဲ့အတူ နိုင်ငံတကာလုပ်ငန်းသုံးဘာသာစကားကလည်း အင်္ဂလိပ်စာဖြစ်နေခဲ့တာပေါ့။ ဒါကြောင့်မို့  ယဉ်ကျေးမှုမတူညီတဲ့သူတွေနဲ့
ပြောဆိုဆက်ဆံတဲ့အခါမှာ အဆင်ပြေအောင်ဘယ်လိုပြောဆိုရမလဲဆိုတာကို လေ့လာထားဖို့ အရေးကြီးပါတယ်။

(၁) ယဉ်ကျေးမှုတွေကို လေ့လာပါ။

သင်ဟာ ဗြိတိသျှလူမျိုးနဲ့ အလုပ်လုပ်နေတယ်ဆိုပါတော့။ သင်က အင်္ဂလိပ်စာတတ်ကျွမ်းဖို့လည်းလိုအပ်သလို သူတို့ရဲ့ ယဉ်ကျေးမှုကိုလည်း တတ်သိထားဖို့လိုပါတယ်။ သူတို့ရဲ့ ပြောဆိုဆက်ဆံပုံ၊ အလုပ်လုပ်ပုံတွေကို သေချာလေ့လာထားမှသာ
မလိုလားအပ်တဲ့ အဆင်ပြေမှုတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ 
စကားစမြည်ပြောဆိုတဲ့အခါမှာလည်း ယဉ်ကျေးမှု ဖလှယ်တာမျိုးတွေများများလုပ်ပေးဖို့လိုပါတယ်။ သူတို့ကို မေးခွန်းလေးတွေမေး၊ ကိုယ်တိုင်ကလည်း ကိုယ့်ယဉ်ကျေးမှုကို ရှင်းပြတာမျိုးလေးတွေလုပ်ပြီးတော့ ကိုယ့်ရဲ့ စိတ်ဝင်စားမှုကို
ပြလို့ရပါတယ်။

ccc
(၂) ရိုးရှင်းတဲ့ ဘာသာစကားကို အသုံးပြုပါ။

အောင်မြင်တဲ့ ပြောဆိုဆက်ဆံရေးကိုရဖို့အတွက် အဓိက သော့ချက်ကတော့ ရိုးရှင်းမှုပဲဖြစ်ပါတယ်။ ရိုးရှင်းတဲ့ အင်္ဂလိပ်စာနဲ့ပဲ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိပြောနိုင်ပါတယ်။ ခက်ခဲတဲ့ အသုံးအနှုန်းတွေဖြစ်တဲ့ စကားပုံတွေ၊ ဒေသိယ
စကားတွေထည့်သုံးတာမျိုးကို ဘာသာစကားကျွမ်းကျင်တဲ့သူတွေနဲ့သာ ပြောဆိုသင့်ပါတယ်။

dd
(၃) အကြားစွမ်းရည်ကို မြှင့်တင်ပါ။

ကမ္ဘာတစ်ဝှမ်းက လူမျိုးတွေဟာ အင်္ဂလိပ်ဘာသာစကားကို ပုံစံမျိုးစုံနဲ့ ပြောတတ်ကြပါတယ်။ ဒီလို ထူးခြားတဲ့ လေယူလေသိမ်းရှိတဲ့ လူမျိုးတွေနဲ့ပြောဆိုတဲ့အခါ အပြည့်အဝ အာရုံစိုက်ထားဖို့ လိုအပ်ပါတယ်။ အာရုံလွတ်သွားပြီဆိုရင်တော့ 
သူဘာပြေသွားလည်းဆိုတာ သိလိုက်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာက လူမျိုးစုံရဲ့ အင်္ဂလိပ်စကားပြောသံတွေကိုများများနားထောင်ပြီးတော့ မိမိရဲ့အကြားစွမ်းရည်ကို မြှင့်တင်လို့ရပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ အဆင်ပြောချော့မွေ့စွာနဲ့ ပြောဆိုဆက်ဆံနိုင်ဖို့ရာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ မရပါဘူး။ မိမိဆက်ဆံပြောဆိုနေတဲ့ လူမျိုးရဲ့ ယဉ်ကျေးမှုတွေ စကားတွေရဲ့နောက်ကွယ်က မမြင်နိုင်တဲ့ အရာတွေကို အထူး
နားလည်နိုင်ဖို့ပါပဲ။