Open Your World Through Reading

အင်္ဂလိပ်စာဖြင့် သင့်ယုံကြည်မှုကို ဘယ်လို မြှင့်တင်ကြမလဲ

အင်္ဂလိပ်စာဖြင့် သင့်ယုံကြည်မှုကို ဘယ်လို မြှင့်တင်ကြမလဲ

Sep 05, 2018 |

ဘာသာစကား အသစ်သင်ကြားရတာ စိန်ခေါ်မှုအသစ်တွေပါပဲ။ ဒါပေမယ့် ဘာသာစကားတွေထဲမှာ အင်္ဂလိပ်ဘာသာစကားက တစ်ခြားဘာသာစကားတွေနဲ့ ယှဉ်ရင် လေ့လာရ လွယ်ကူပါတယ်။ အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းနားလည်တဲ့အခါ လူမှုပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်မှာ ယုံကြည်မှု ပိုမို ရစေတဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

Image

စကားများများပြောပြီး ယုံကြည်မှုတည်ဆောက်ပါ။

………………………………………………..

ဘာသာစကားသစ် သင်ကြားတဲ့အခါ တစ်ခြားသူစိမ်းတစ်ယောက်နဲ့ တွဲပြီး စကားပြောဆိုရတာ၊ လေ့လာရတာတွေ

လူအများရှေ့ထွက်ပြီး ပြောဆိုရတာတွေက သက်သောင့်သက်သာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ စကားပြောဖို့ ရှက်နေတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ထိရောက်တဲ့ နည်းလမ်းဖြစ်ပြီး

ပြောကျင့် ဖြစ်လာရင် ကြောက်တဲ့စိတ် နည်းလာပြီး ယုံကြည်မှုရှိစွာနဲ့ ပြောဆိုတတ်လာပါလိမ့်မယ်။

ကိုယ်ယုံကြည်ရာ၊ ကိုယ့်ရဲ့ အတွေးအမြင်ကို အများသိအောင် ထုတ်ဖော်ပြောဆိုရဲတာကလဲ ယုံကြည်မှုတည်ဆောက်ရာမှာ အရေးပါလှပါတယ်။ အင်္ဂလိပ်လို ပြောဆိုတာ အလေ့အကျင့် ဖြစ်လာရင် အသံထွက် ပိုပီသပြီး နားထောင်ကောင်းအောင် ပြောတတ်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ ခံစားရတာ သက်သက်မဟုတ်ဘဲ ဘေးလူတွေကပါ သင်ဟာ ယုံကြည်မှုရှိရှိ ပြောဆိုနေတာကို သတိထားမိပါလိမ့်မယ်။

Image

စာများများဖတ်ပြီး ပြန်လည် လေ့ကျင့်ပါ။

ဘာသာစကား လေ့လာရာမှာ စာဖတ်ခြင်းက အရေးကြီးလှပါတယ်။ စာများများဖတ်ပါ ကိုယ်ဖတ်ထား မှတ်ထားတဲ့ အကြောင်းအရာကို ကြည့်မှန်ရှေ့မှာ အသံခပ်ကျယ်ကျယ်ထွက်ပြီး ပြန်လေ့ကျင့်ပြောဆိုပါ။ မှန်က ကိုယ်လုံးပေါ်မှန်ဖြစ်ရင် ပိုပြီး လေ့ကျင့်ရ အဆင်ပြေပါလိမ့်မယ်။

စာဖတ်တဲ့အခါ ဝေါဟာရ ပိုလေ့လာနိုင်ပြီး ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကို ပြောဆိုဆွေးနွေးရာမှာ စကားလုံးကြွယ်ဝစေပါတယ်။ စာများများဖတ်လေ ကိုယ်ဆွေးနွေးချင်တဲ့ အကြောင်းအရာကို ကောင်းမွန်စွာ ပြောနိုင်လေပါပဲ။  စိတ်ဝင်စားစရာ သတင်းတွေ၊ အချက်အလက်တွေ ဝေမျှခြင်း၊ ပြောဆိုခြင်းကလဲ စကားများများပြောဖြစ်စေတဲ့၊ ယုံကြည်မှုပိုရစေတဲ့ အချက်ပါပဲ။

Image

စာဖတ်ခြင်းမှ တဆင့် တံခါးအသစ်တွေကို ဖွင့်ပါ။

စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသလိုပါပဲ။ ယုံကြည်မှုရှိလာခြင်းက ကိုယ်လုပ်နိုင်မယ်လို့ တစ်ခါမှာ မထင်ဖူးတဲ့ ကိစ္စတွေကို

လုပ်ဆောင်နိုင်ပါလိမ့်မယ်။ လေ့လာမှုတွေအရ ယုံကြည်မှုရှိခြင်းက လုပ်ငန်းခွင်နဲ့ စာလေ့လာရာမှာ အများကြီး အထောက်အပံ့ဖြစ်စေပါတယ်။ အင်္ဂလိပ်ဘာသာစကား လေ့လာခြင်းက ယုံကြည်မှုတည်ဆောက်ခြင်းဆိုတဲ့ တံခါးအသစ် တစ်ချပ်ကို ဖွင့်လိုက်ခြင်းလဲ ဖြစ်ပါတယ်။