Open Your World Through Reading

အင်္ဂလိပ် ဝေါဟာရကြွယ်ဝစေမည့် နည်းလမ်းများ

အင်္ဂလိပ် ဝေါဟာရကြွယ်ဝစေမည့် နည်းလမ်းများ

Sep 03, 2018 |

တတ်ကျွမ်းနားလည်သူတွေရဲ့ လေ့လာချက်တွေအရ email ပို့တာ၊ လူအများကြား ပြောဆိုဆက်သွယ်တာ၊ အစည်းအဝေးတွေမှာ ပါဝင်တာ စတဲ့ တစ်နေ့တာ လုပ်ဆောင်စရာတွေမှာ အင်္ဂလိပ် ဝေါဟာရကြွယ်ဝခြင်းက ထိရောက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဝေါဟာရတွေကိုတော့ လေလ့ာပါတယ်။ ဒါပေမယ့် တကယ်အသုံးပြုရမယ့်အချိန်မှာ မေ့နေတာ၊ ပြီးမှ ဒါ ကိုယ်သိပြီးသားစကားလုံးပဲ ဘာလို့ မေ့သွားတာလဲဆိုပြီး မချင့်မရဲ ဖြစ်ရတာတွေက ဝေါဟာရ လေ့လာသူတွေမှာ ကြုံရလေ့ရှိပါတယ်။ ဒီလို မဖြစ်ဖို့ဆိုရင်  ဝေါဟာရတွေကို အချိန်တိုင်း ထိတွေ့ပေးနေဖို့ လိုပါတယ်နော်။
Image

.နေရာမျိုးစုံ၊ နည်းလမ်းစုံနဲ့ ဝေါဟာရ လေ့လာပါ။

ကိုယ်ဖတ်နေတဲ့စာအုပ်၊ ကိုယ်ကြည့်နေတဲ့ဇာတ်ကား၊ နားထောင်တဲ့သီချင်း စသဖြင့် ကိုယ်တတ်နိုင်သလောက် များများ ဝေါဟာရတွေကို လေ့လာပါ။

လမ်းလျှောက်နေတဲ့အခါ၊ အပြင်သွားတဲ့အခါမှာတောင် ကိုယ်မြင်တွေ့ရတဲ့ အရာတွေကို အင်္ဂလိပ်လို မှတ်သားပါ။ ဥပမာ- ကိုယ်သွားနေတဲ့လမ်းက လမ်းချိုင့်တွေကြောင့် လမ်းပျက်နေတယ်ဆိုရင် potholes ဆိုတဲ့ စကားလုံး၊ လမ်းပိတ်နေတယ်ဆိုရင် Traffic Jam ဆိုတဲ့ စကားလုံး စသဖြင့် ကိုယ်ကြုံရတဲ့ အခြေအနေပေါ်မူတည်ပြီး မှတ်သားပြောဆိုပေးပါ။ ကိုယ်မသိတဲ့ စကားလုံးတွေဆိုရင် dictionary မှာ ကြည့်ပြီး မှတ်သားနိုင်ပါတယ်။

Image

. ကိုယ် ရင်းနှီးတဲ့အရာတွေနဲ့ တွဲမှတ်ပါ။

အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ဝေါဟာရလေ့လာတဲ့အခါ ကိုယ်နဲ့ ဆက်စပ်ပတ်သက်တာတွေ တွဲမှတ်တာက ပိုမှတ်မိလွယ်တယ်ဆိုတာကို စူးစမ်းတွေ့ရှိခဲ့ကြပါတယ်။ စကားလုံးတစ်ခုကို မှတ်တော့မယ်ဆိုရင် ကိုယ်ကိုယ်တိုင်၊ကိုယ်နေတဲ့အိမ်၊ ကိုယ်သိတဲ့သူတွေ၊ ကိုယ်နဲ့ အကျွမ်းတ၀င်ရှိတာတွေနဲ့ တွဲမှတ်တဲ့အကျင့် စတင်လိုက်ရအောင်နော်။
image

. တစ်နေ့တာ လေ့လာမှတ်သားဖြစ်တဲ့ စကားလုံးတွေကို ချရေးပါ။

နေ့စဉ် ဖြတ်သန်းမှုအလိုက် ကိုယ်လေ့လာထားတာတွေထဲက အသုံးပြုဖြစ်တဲ့ ဝေါဟာရတွေကို အကြိမ်ရေ အနည်းအများလိုက် ချရေးပေးပါ။ နေ့စဉ် ဒီလိုမျိုး ပြန်လည်သုံးသပ်ပေးတာက စကားလုံးအသစ်တွေကို ပိုမှတ်မိစေပြီး လက်တွေ့လဲ အသုံးပြုဖြစ်ပါတယ်။

ဒီနည်းလမ်းက ထိရောက်လှပြီး ဝေါဟာရကြွယ်ဝသူတွေ သုံးနေကျ နည်းလမ်းကောင်းလဲ ဖြစ်ပါတယ်။
Image

.ပျော်စရာနည်းလမ်းတွေနဲ့ လေ့လာပါ။

Word Puzzles, Games & Quizzes စတဲ့ ကစားနည်းတွေက ပျော်ဖို့ကောင်းပြီး စကားလုံးအသစ်တွေ ပိုလေ့လာဖြစ်စေပါတယ်။ Crosswords ဒါမှမဟုတ်  Scrabbles ကစားနည်းတွေအပြင်  မိတ်ဆွေ၊သူငယ်ချင်း တစ်ယောက်ယောက်နဲ့ စကားပြောရင်း လေ့ကျင့်နိုင်တဲ့ word chains ကစားနည်းလဲရှိပါသေးတယ်။ word chains ကစားနည်းက တစ်ယောက်ပြောလိုက်တဲ့ စကားလုံးရဲ့ နောက်ဆုံး စကားလုံးကို နောက်တစ်ယောက်က ဆက်ပြောရတာမျိုးပါ။

ဥပမာ- Apple လို့ တစ်ယောက်က ပြောတဲ့အခါ ကျန်တစ်ယောက်က e နဲ့ စတဲ့ eye, elephant စတဲ့ စကားလုံးကို ပြောရတာမျိုးဖြစ်ပါတယ်။ ပျော်စရာကောင်းပြီး တိုးတက်မှုလဲ မြန်ပါတယ်နော်။


ဝေါဟာရကြွယ်ဝတဲ့အခါ ကိုယ်ပြောချင်တဲ့အကြောင်းအရာ၊ ကိုယ်နားလည်လက်ခံထားတဲ့ ကိစ္စရပ်တွေကို ဖော်ပြရာမှာ အချက်ကျကျ ပြောဆိုတတ်စေပါတယ်။တစ်နေ့တာဆက်သွယ်ပြောဆိုရာမှာ ဝေါဟာရကြွယ်ကြွယ်၀၀

ပြောနိုင်ဆိုနိုင်တာဟာ အောင်မြင်မှုဆုလာဘ်ပါပဲ။ ဒါကြောင့် အင်္ဂလိပ်စာ လေ့လာသင်ယူရာမှာ ဝေါဟာရက အရေးကြီးလှပြီး ဝေါဟာရတွေကို လက်တွေ့အသံ